(၁၅၇)ကြိမ်မြောက် သစ်သီးဆွမ်းဆက်ကပ်လှူဒါန်းပွဲ ကျင်းပပြုလုပ်သွားမည်

mdn

ထန်းတပင်(ရန်ကုန်)    စက်တင်ဘာ    ၁၉

ရန်ကုန်မြောက်ပိုင်းခရိုင်၊ ထန်းတပင်မြို့နယ်၊ အမှတ်(၁)ရပ်ကွက်ရှိ မြသိန်းတန်ဘုရားကြီး ကျောင်းတိုက်တွင် ကိန်းဝပ်စံပယ်တော်မူသော မြသိန်းတန်ဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးအား သစ်သီးဆွမ်းများ ဆက်ကပ်လှူဒါန်းပွဲကို တော်သလင်းလပြည့်ကျော် ၄ ရက်နှင့် ၅ ရက် (စက်တင်ဘာ ၂၄ ရက်နှင့် ၂၅ ရက်)တို့တွင် ကျန်းမာရေးညွှန်ကြားချက်များနှင့်အညီ ကျင်းပပြုလုပ်သွားမည်ဖြစ်ကြောင်း မြသိန်းတန်ဘုရားကြီး ပရိယတ္တိစာသင်တိုက် ဦးစီးပဓာန နာယက ဆရာတော် ဘဒ္ဒန္တသုမနထံမှ သိရသည်။

ထန်းတပင်မြို့နယ်တွင် နှစ်စဉ်နှစ်တိုင်း မြသိန်းတန်ဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးအား သစ်သီးဆွမ်း ဆက်ကပ်လှူဒါန်းပွဲကို ကျင်းပပြုလုပ်လျက်ရှိရာ ဒေသခံ မိဘပြည်သူများက သစ်သီးဆွမ်းများကို ဆက်ကပ်လှူဒါန်း ပူဇော်ခဲ့သည်မှာ ယခုအကြိမ်မြောက်ဆိုလျှင် (၁၅၇)ကြိမ်မြောက် ရှိခဲ့ပြီဖြစ်ကြောင်း သိရသည်။

ဇင်မင်းထိုက်(ထန်းတပင်)