၀က်စ်ဟမ်းအသင်းကို အိမ်ကွင်းမှာ ရှုံးပွဲကြုံတွေ့ခဲ့သည့် ချယ်လ်ဆီး

mdn

၁ ဒီဇင်ဘာ

 

ပရီမီယာလိဂ် ပွဲစဉ် (၁၄) ပွဲစဉ်များကို စနေနေ့ ညပိုင်းက ယှဉ်ပြိုင်ကစားခဲ့ကြပြီး လန်ဒန်ဒါဘီပွဲစဉ် တစ်ပွဲဖြစ်သည့် ချယ်လ်ဆီအသင်းနှင့် ဝက်စ်ဟမ်းအသင်းတို့၏ ပွဲစဉ်တွင် ချယ်လ်ဆီအသင်းက အိမ်ကွင်းဖြစ်သည့် စတမ်းဖို့ဒ်ဘရစ်ချ်မှာ ဝက်စ်ဟမ်း အသင်းကို တစ်ဂိုး ဂိုးမရှိဖြင့် ရှုံးနိမ့်ခဲ့သည်။

ပထမပိုင်းမှာ ချယ်လ်ဆီးအသင်း ကစားပုံပိုကောင်းခဲ့သလို၊ ဖိအားပေးကစားပြီးအခွင့်အရေးတွေရနိုင်ခဲ့ပေမယ့် အသုံးမချနိုင်ခဲ့သလို ဝက်စ်ဟမ်းအသင်းခံစစနှင့် ဂိုးသမား၏ ပုံစံကောင်းပြသမှုတွေကြောင့် ချယ်လ်ဆီးအသင်း သွင်းဂိုးတွေနှင့်ဝေးခဲ့ရသည်။

ဝက်စ်ဟမ်းအသင်းအတွက် တစ်လုံးတည်းသော အနိုင်ဂိုးကို ပွဲချိန် (၄၈)မိနစ်မှာ ခရက်စ်ဝဲလ်က သွင်းယူ ပေးခဲ့သည်။ ချယ်လ်ဆီးအသင်းမှာ ယခုပွဲစဉ် အရှုံးကြောင့် ပရီမီယာလိဂ်နောက်ဆုံး (၂)ပွဲဆက် ရှုံးနိမ့်ခဲ့တာဖြစ်ပြီး ချန်ပီယံလိဂ်ဝင်ခွင့်အတွက် ဖိအားများလာခဲ့သည်။

 

ပရီမီယာလိဂ်ပွဲစဉ် (၁၄)ရလဒ်များ

 

နယူးကာဆယ် ၂ - ၂ မန်စီးတီး

လီဗာပူးလ် ၂ -၁ ဘရိုက်တန်

စပါး ၃ -၂ ဘုန်းမောက်

ဘန်လေ ၀ - ၂ ခရစ္စတယ်ပဲလေ့စ်

ချယ်လ်ဆီး ၀-၁ ဝက်စ်ဟမ်း

 

MDN