Wonder Woman 1984 ရုပ်ရှင် နမူနာထွက်ရှိ

  ဩဂုတ်

အခုဆိုရင် Wonder Woman 1984 ရုပ်ရှင်နမူနာထွက်ရှိလို့လာပါပြီ။ ဒီဇာတ်လမ်းမှာတော့ ၁၉၈၄ ခုနှစ် စစ်အေးကာလကို ရုပ်ရှင်မင်းသမီး ခရစ္စတင်းဝင်းဂ်ဟာ ရှေးဟောင်းသုတေသနပညာရှင် ဘာဘရာအန်း မင်နာဗာ အဖြစ်ကနေ ဗီလိန် ချီတက်အဖြစ် ပြောင်းလဲသွားတာကို တွေ့မြင်ရမှာပါ။ ဒီရုပ်ရှင်ဟာ ၂၀၁၇ ခုနှစ် ဂဲလ်ဂါဒေါ့ သရုပ်ဆောင်ခဲ့တဲ့ ၂၀၁၇ ခုနှစ်က ထွက်ရှိခဲ့တဲ့ Wonder Woman ရဲ့ နောက်ဆက်တွဲရုပ်ရှင်လည်း ဖြစ်ပါတယ်။

ဒီရုပ်ရှင်ဇာတ်ကားကိုတော့ ပတ်တီဂျန်ကင်က ရိုက်ကူးထားပြီး ခရစ်ပိုင်း၊ ရောဘင်ဝရိုက်နဲ့ ကွန်နီ နီရယ်ဆန် တို့က ပါဝင်သရုပ်ဆောင်ထားပါတယ်။ Wonder Woman 1984 ရုပ်ရှင်ကားကိုတော့ ကိုဗစ် - ၁၉ ရောဂါကြောင့် နှောင့်နှေးမှုတွေ ဖြစ်ပေါ်ခဲ့ပြီးတဲ့နောက် အောက်တိုဘာလကျမှ ရုံတင်ပြသခွင့် ရမယ်လို့ ခန့်မှန်းထားကြပါတယ်။

အမေရိကန်ပြည်ထောင်စုမှာ ပြသမယ့်ရက်ကိုတော့ ၂၀၂၀ အောက်တိုဘာ ၂ ရက်လို့ သတ်မှတ်ထားပြီး အမေရိကန်ဒေါ်လာ ၁၇၅ သန်း အကုန်အကျခံ ရိုက်ကူးထားတဲ့ဇာတ်ကားလည်း ဖြစ်ပါတယ်။

စကိုင်းနယူး

 

2