တရုတ်ပြည်သူ့သမ္မတနိုင်ငံ၏ နာမည်ကြီးမီဒီယာများတွင် သရုပ်ဆောင် ခါရာအား အကျယ်တဝင့်ဖော်ပြ

မျက်နှာပြင်များ ရုပ်ရှင်ဇာတ်ကား အပါအဝင် မြို့ပြမုဆိုးများ၊ အဆိပ်ရှိလူရိုင်း၊ လက်ထပ်ပါရစေ စသည့် ရုပ်ရှင်ဇာတ်ကားကြီးများတွင် ပါဝင်သရုပ်ဆောင်ထားသည့် မြန်မာသရုပ်ဆောင် ခါရာအား တရုတ်နိုင်ငံရှိ နာမည်ကြီးမီဒီယာများဖြစ်သည့် Vogue, Bazaar, Rayli, Pclady, Cosmopolitan နှင့် Fengsung တို့တွင် အကျယ်တဝင့်ဖော်ပြခြင်းခံခဲ့ရကြောင်း သိရသည်။

 

သရုပ်ဆောင် ခါရာသည် ၂၀၁၄ ခုနှစ်က Mr.Asia Myanmar ၏ ကိုယ်စားလှယ်အဖြစ် ဟောင်ကောင်တွင်ပြုလုပ်သည့် Mr.Asia ပြိုင်ပွဲတွင် ပါဝင်ရန် ရွေးချယ်ခံခဲ့ရသည့်အပြင် Myanmar Star Award 2019 တွင်လည်း Rising Star Award ဆုကို လက်ခံရရှိခဲ့သည်ဟု တရုတ်မီဒီယာများတွင် ဖော်ပြထားသည်။ ခါရာ၏ ပီပြင်သော သရုပ်ဆောင်မှုများနှင့် ထူးခြားသော ရုပ်ရည်တို့ကြောင့် ယခုအခါ တရုတ်မီဒီယာများ၏ ကမ်းလှမ်းခြင်းကို ခံနေရပြီ ဖြစ်သည်။

 

လက်ရှိတွင် သရုပ်ဆောင်ခါရာသည် Canal+ နှင့် Bonanza တို့မှ ထုတ်လွှင့်ပြသနေသည့် လိပ်ပြာ ဇာတ်လမ်းတွဲတွင်လည်း အဓိက သရုပ်ဆောင်အဖြစ် ပါဝင်ထားသည်။ ထို့အပြင် လူသိများခဲ့သော ဇာတ်လမ်းတွဲများဖြစ်သည့် 'မနေ့ကဖြစ်သည်'၊ 'လောကကြိုးဝိုင်း'၊ 'ဆေးမင်ရည်ချည်သောကြိုး' အစရှိသည့် ရုပ်သံဇာတ်လမ်းတွဲများတွင်လည်း ပါဝင်သရုပ်ဆောင်ထားကြောင်း သိရသည်။

 

ကိုလင်း