တရုတ်နိုင်ငံ ကျီလင်းပြည်နယ်တွင် ကိုးရက်ဆက်တိုက် ကိုဗစ်-၁၉ ရောဂါ ဖြစ်ပွားမှု မရှိ

၂ ဇွန်

 

ယမန်နေ့က တရုတ်နိုင်ငံအရှေ့မြောက်ပိုင်း ကျီလင်းပြည်နယ်တွင် ကိုဗစ်-၁၉ ရောဂါနှင့်ဆက်စပ်သည့် ရောဂါဖြစ်ပွားမှုနှင့် ရောဂါလက္ခဏာမပြသည့် ကူးစက်မှုသစ်များ မတွေ့ရှိရကြောင်း ပြည်နယ်ကျန်းမာရေးကော်မရှင်က ယနေ့ ပြောကြားခဲ့သည်။

 

ဇွန်လ ၁ ရက်အထိ ကျီလင်းပြည်နယ်တွင် ကိုဗစ်-၁၉ရောဂါနှင့်ဆက်စပ်သည့် ရောဂါဖြစ်ပွားမှု ကိုးရက်ဆက်တိုက် မတွေ့ရှိရကြောင်း သိရသည်။

 

ဇွန်လ ၁ ရက်နေ့အထိ  ပြည်နယ်အတွင်း ကိုရိုနာဗိုင်းရပ်စ်ကြောင့် သေဆုံးသူနှစ်ဉီး၊ ရောဂါသက် သာသဖြင့် ဆေးရုံမှဆင်းခွင့်ပြုသူ ၁၂၈ ဉီး အပါအဝင် ဓာတ်ခွဲအတည်ပြု ပြည်တွင်းကူးစက်မှု ၁၃၆ မှုရှိကြောင်း ကျီလင်းပြည်နယ်က ထုတ်ပြန်ခဲ့သည်။

 

ကျီလင်းမြို့တော်ရှိ ဆေးရုံတွင် တက်ရောက်ကုသနေသည့် လူနာခြောက်ဉီး ကျန်ရှိနေဆဲဖြစ်ပြီး လူနာနှစ်ဉီး၏ အခြေအနေမှာ ရောဂါပြင်းထန်သည်ဟု ဆိုသည်။

 

ကျီလင်းပြည်နယ်တွင် ပြည်တွင်း ရောဂါကူးစက်မှုရှိသူနှင့် ထိတွေ့ခဲ့သူ ၁၆၂၇ဉီးကို ဆေးရုံတွင် သီးခြားစောင့်ကြည့်ထားလျက်ရှိပြီး ၎င်းတို့ထဲကမှ ၁၁၁၄ဉီးမှာ ရောဂါပိုးမရှိသဖြင့် ဆေးရုံမှ ဆင်းခွင့်ပြုလိုက်သည်။

 

ကိုးကား-ဆင်ဟွာ

ဘာသာပြန်-မေဇော်ထက်