တိုင်းဒေသကြီးအစိုးရအဖွဲ့မှ တိုင်းဒေသကြီး ကော်မရှင်အဖွဲ့ခွဲ ရုံးနှင့် မြို့နယ်ကော်မရှင်  အဖွဲ့ခွဲရုံးများအတွက် ကွန်ပျူတာ၊ ပရင်တာနှင့် ဆက်စပ်ပစ္စည်းအစုံ (၄၀) ထောက်ပံ့

မုံရွာ ၂ ဧပြီ 

 

စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့မှ တိုင်းဒေသကြီး ကော်မရှင်အဖွဲ့ခွဲရုံးနှင့် မြို့နယ်ကော်မရှင် အဖွဲ့ခွဲရုံးများအတွက် ကွန်ပျူတာနှင့် ပရင်တာဆက်စပ်ပစ္စည်းများ ထောက်ပံ့ပေးအပ်ပွဲ အခမ်းအနားကို ယနေ့ မွန်းလွဲ တစ်နာရီက တိုင်းဒေသကြီး အစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမတွင်ကျင်းပခဲ့သည်။

 

အခမ်းအနားတွင် စစ်ကိုင်းတိုင်းဒေသကြီး အစိုးရအဖွဲ့ ဝန်ကြီးချုပ် ဒေါက်တာမြင့်နိုင် က အမှာစကားပြောကြားပြီး ကွန်ပျုတာနှင့် ပရင်တာဆက်စပ်ပစ္စည်းအစုံ (၄၀) အား ထောက်ပံ့ပေးအပ်ရာ တိုင်းဒေသကြီး ကော်မရှင်အဖွဲ့ခွဲ၊ အဖွဲ့ဝင် ဒေါ်မြင့်မြင့်သီနှင့် တာဝန်ရှိသူများက လက်ခံရယူကြသည်။

 

အခမ်းအနားတွင် တိုင်းဒေသကြီးကော်မရှင် အဖွဲ့ခွဲရုံးအတွက် ကွန်ပျူတာနှင့် ပရင်တာ ဆက်စပ်ပစ္စည်းအစုံ (၃) စုံ၊ တိုင်းဒေသကြီးအတွင်းရှိ မြို့နယ်ကော်မရှင် အဖွဲ့ခွဲရုံး (၃၇) ရုံးအတွက် ကွန်ပျူတာနှင့် ပရင်တာ ဆက်စပ်ပစ္စည်းအစုံ (၃၇) စုံ၊ စုစုပေါင်း ကွန်ပျူတာနှင့်ပရင်တာ ဆက်စပ်ပစ္စည်းအစုံ (၄၀) အား ထောက်ပံ့ပေးအပ်ခဲ့ခြင်း ဖြစ်ပြီး စုစုပေါင်း တန်းဖိုးငွေကျပ် ၃၉၄၅၀၀၀ဝိ/- (ကျပ်သုံးရာကိုးဆယ့် လေးသိန်းငါးသောင်းတိတိ) ဖြစ်ကြောင်း သိရသည်။

 

အဆိုပါ အခမ်းအနားသို့ စစ်ကိုင်းတိုင်းဒေသကြီး အစိုးရအဖွဲ့ ဝန်ကြီးချုပ် ဒေါက်တာမြင့်နိုင်၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့် တာဝန်ရှိသူများ၊ တိုင်းဒေသကြီး ကော်မရှင်အဖွဲ့ခွဲ အဖွဲ့ဝင်များ တက်ရောက်ခဲ့ကြောင်း သိရသည်။

 

အောင်ဆွေ(ပြန်/ဆက်)