တာချီလိတ်မြို့တွင် ပထမဆုံးအကြိမ် တန်ဆောင်တိုင် ဆီမီးပူဇော် မီးမျှောပွဲကျင်းပ

တာချီလိတ် ၁၂  နိုဝင်ဘာ

 

ရှမ်းပြည်နယ် (အရှေ့ပိုင်း) တာချီလိတ်မြို့တွင် ပထမဆုံးအကြိမ်အဖြစ် တန်ဆောင်တိုင် ဆီမီးပူဇော် မီးမျှောပွဲကို နိုဝင်ဘာ ၁၁ ရက် ညပိုင်းက ရွှေဝါနဒီ ပန်းခြံအတွင်း၌ ကျင်းပရာ ဒေသခံပြည်သူများ

စည်ကားသိုက်မြိုက်စွာ ပါဝင်ဆင်နွှဲခဲ့ကြကြောင်း သိရသည်။

 

တာချီလိတ်မြို့တွင် တန်ဆောင်တိုင် မီးမျှောပွဲဆင်နွဲခြင်းသည် ပထမဆုံးအကြိမ်ဖြစ်ပြီး နှောင်နှစ်များတွင်လည်း ဆက်လက်ဆင်နွဲသွားရန်ရှိကြောင်း၊ ယခင်အချိန်ကာလက တာချီလိတ်မြို့မှ ပြည်သူများသည် ထိုင်းနိုင်ငံ မယ်ဆိုင်ဖက်ကမ်းသို့ သွားရောက်ကြပြီး လွယ်ကထုန်ခေါ်  မီးမျှောပွဲတော်ကို သွားရောက်ဆင်နွဲလေ့ရှိခဲ့ရာ မိမိအရပ်တွင် ယခုကဲ့သို့ အတူတကွ မီးမျှောပွဲတော်ကို ပါဝင်ဆင်နွဲခြင်းဖြင့် မိမိတို့ပြည်သူများ အခြားနိုင်ငံသို့ ငွေယိုစီးထွက်ခြင်းမှ တားဆီးရာရောက်စေကြောင်း၊ မိမိတို့ပြည်သူများလည်း စည်းလုံးညီညွတ်စေပြီး လွတ်လပ်ပျော်ရွှင်စွာ ပါဝင်ဆင်နွဲသွားနိုင်ကြောင်း ခရိုင်အုပ်ချုပ်ရေးမှူး ဦးမြင့်နိုင်ထံမှ သိရသည်။

 

ပွဲတော်တွင်​ ဒေသခံအနုပညာရှင် အဆိုတော်များဖြင့် သီဆိုဖျော်ဖြေခဲ့ကြပြီး ယဉ်ကျေးမှုအဖွဲ့မှ အမျိုးသမီးငယ်လေးများက အကပဒေသာများဖြင့် တင်ဆက်ကပြဖျော်ဖြေခဲ့ကြကြောင်း သိရသည်။

 

ယာဆေး(ပြန်/ဆက်)

 

mdn