တာချီလိတ်မြို့တွင် မှုခင်းကျဆင်းရေး အတွက် မြန်မာနိုင်ငံ ရဲတပ်ဖွဲ့မှ အသိပညာပေး ဟောပြော

တာချီလိတ်   ၁၂    နိုဝင်ဘာ

 

ရှမ်းပြည်နယ်( အရှေ့ပိုင်း)  တာချီလိတ်မြို့၊ မကာဟိုခမ်း ရပ်ကွက်ရှိ မြို့နယ် ဓမ္မာရုံ၌ နိုဝင်ဘာ ၁၂ ရက် မနက် ၁၀ နာရီတွင် တာချီလိတ် ခရိုင်/မြို့နယ် ရဲတပ်ဖွဲ့မှ မှုခင်း ကျဆင်းရေး အသိပညာပေး ဟောပြောပွဲ ကျင်းပ ပြုလုပ်ခဲ့ ကြောင်း သိရသည်။

 

အဆိုပါ အခမ်းအနားသို့ တာချီလိတ် ခရိုင် ရဲတပ်ဖွဲ့မှူး ဒုရဲမှူးကြီး ပေါ်ထွန်း ၊ မြို့နယ် ရဲတပ်ဖွဲ့မှူး ရဲမှူးလှဦး ၊ တာချီလိတ် မြို့မ စခန်းမှူး ဒုရဲမှူးသန်းထွန်းအောင် ၊ နယ်ထိန်း ခေါင်းဆောင် ဒုရဲအုပ် ကျော်ဇေယျ နှင့် နယ်ထိန်း ရဲတပ်ဖွဲ့ဝင်များ ၊ ရပ်ကွက် အုပ်ချုပ်ရေးမှူးများ ၊ ဒေသခံ ပြည်သူများ ၊ ရွှေတာချီ ခရီးသွားလုပ်ငန်းမှ ဥက္ကဌ ဦးဘိုစံ နှင့် တက္ကစီ အသင်းသားများ စုစုပေါင်း အင်အား ၁၅၀ ခန့် တက်ရောက်ကြသည်။

 

ထို့နာက် မြို့နယ် ရဲတပ်ဖွဲ့မှူး ရဲမှူးလှဦး မှ မှုခင်း ဖြစ်ပွားရသည့် အကြောင်းအရင်းများ ၊ မှုခင်း ကြိုတင် ကာကွယ်ရေးအတွက် ဆောင်ရန်ရှောင်ရန် အချက် များကိုရှင်းလင်း ပြောကြားခဲ့သည်။

 

ဆက်လက်၍ တာချီလိတ် မြို့မစခန်းမှူး ဒုရဲမှူးသန်းထွန်းအောင်မှ မှုခင်းပိုင်းဆိုင်ရာ ကိစ္စရပ်များအား ရှင်းလင်း ပြောကြားပြီး တက်ရောက်လာသူများမှ သိရှိလိုသည်များကို မေးမြန်း ခြင်းနှင့် ပြန်လည် ဖြေကြားခြင်းများ ပြုလုပ်ခဲ့ပြီး မှုခင်းဆိုင်ရာ အသိပညာပေး လက်ကမ်းစာစောင် များကို ဖြန့်ဝေပေးခဲ့ကြကြောင်း သိရှိသည်။

 

ယာဆေး(ပြန်/ဆက်)