တာချီလိတ်မြို့ ဘုရင့်နောင်ဈေး ဆိုင်ခန်းငှားရမ်းခများကို လျှော့ချကောက်ခံပေးသွားမည်

တာချီလိတ်  ၂ ဧပြီ

 

ရှမ်းပြည်နယ်(အရှေ့ပိုင်း) တာချီလိတ်မြို့ရှိ ဘုရင့်နောင်ဈေးအတွင်းမှ ဆိုင်ခန်းခများကို ဈေးနှုန်းလျှော့ချကောက်ခံ သွားမည်ဖြစ်ကြောင်း ဘုရင့်နောင်ဈေးတာဝန်ခံရုံးမှ ယနေ့ နံနက်ပိုင်းက ထုတ်ပြန်ခဲ့သည်။

 

အဆိုပါ ထုတ်ပြန်ချက်တွင် ဧပြီလအတွက် ဆိုင်ခန်းခများ ကောက်ခံရာတွင် တစ်လလျှင် ထိုင်းဘတ်ငွေ ၄၀၀၀ ဘတ်ကျသင့်သည့် ဆိုင်ခန်းများကို ဘတ် ၅၀၀ လျှော့ပေးမည်ဖြစ်ပြီး တစ်လလျှင် ဘတ် ၂၀၀၀ ကျသင့်သည့် ဆိုင်ခန်းများကို ဘတ် ၂၀၀ လျှော့ချပေးသွားမည်ဖြစ်ကြောင်း ဈေးတာဝန်ခံရုံးက ထုတ်ပြန်ခဲ့သည်။

 

ကိုဗစ်-၁၉ ရောဂါဂယက်ကြောင့် စီးပွားရေးလုပ်ငန်းများ ဝင်ငွေလျော့နည်းချိန်ဖြစ်သည့်အတွက် ဆိုင်ခန်းငှားသူများ အဆင်ပြေစေရန် ယခုကဲ့သို့ လျှော့ချပေးခြင်းဖြစ်ကြောင်း ဘုရင့်နောင်ဈေးပိုင်ရှင် ဦးထွန်းနေဦးထံမှ သိရသည်။

 

ယာဆေး(ပြန်/ဆက်)