ထူးခြားဆန်းပြား ကမ္ဘာ့တစ်ခွင်မှ သတင်းများ

ခြူးစန္ဒီနွေး

ဒီတစ်ပတ်မှာလည်း ကမ္ဘာတစ်ဝန်းမှာ လတ်တလောပေါ်ပေါက်ခဲ့တဲ့ ထူးခြားတဲ့ဖြစ်ရပ်လေးတွေကို စိတ်ဝင်စားဖွယ် စုစည်းဖော်ပြထားပါတယ်။ ဒီတစ်ပတ်မှာ စုစည်းထားတဲ့သတင်းတွေကတော့ လေယာဉ်ကိုကြိုးနဲ့ဆွဲပြီး ကမ္ဘာ့စံချိန်တင်အောင် ကြိုးပမ်းတဲ့သတင်း၊ ၁၇ နှစ်ကြာသူငယ်ချင်းလို့သိထားတဲ့လူက ညီမ အရင်းဖြစ်နေတဲ့သတင်း၊ အစာစားရင်းနည်းပညာအသုံးပြုရင် အစာဝင်မှုလျော့ကျတဲ့သတင်းနဲ့ မျက်ရည်ပုံသဏ္ဌာန်ကြယ် တွေ့ရှိတဲ့သတင်းတို့ပဲ ဖြစ်ပါတယ်။

 

အားကစားသမားများနှင့် လေယာဉ်အမှုထမ်းများက ၂၀၁ ဒသမ ၆ တန် အလေး ချိန်ရှိသည့် လေယာဉ်ကို ကြိုးဖြင့်ဆွဲကာ ကမ္ဘာ့စံချိန်တင်ရန်ကြိုးပမ်း

 

ဗြိတိန်အဲဝေးလေကြောင်းလိုင်းကအမှုထမ်းတွေနဲ့ နာမည်ကျော်အားကစား သမားအချို့ဟာ အုပ်စု ဖွဲ့ပြီး ၂၀၁ ဒသမ ၆ တန် အလေးချိန်ရှိတဲ့ လေယာဉ်ပျံကို | ၃၂၈ မီတာအထိကြိုးနဲ့ဆွဲပြီး ဂရင်းနက်စ်စံချိန်တင်ဖို့ကြိုးပမ်းခဲ့ကြတာကို တွေ့ရပါတယ်။ နာမည်ကျော်အားကစားသမားတွေနဲ့ လေယာဉ်အမှုထမ်းတွေဟာ ဗြိတိန်အဲဝေးက အေ ၃၅ဝ လေယာဉ်ကို ဆွဲပြုပြီး ကမ္ဘာ့စံချိန်ချိုးခဲ့ပါတယ်။ အရင်စံချိန်တင်ထားတဲ့လေယာဉ်ရဲ့ အလေးချိန်ကတော့ ၁၉၈ ဒသမ ၄ တန်ပဲ ရှိပါတယ်။ ဗြိတိန်လေကြောင်းလိုင်းဟာ Comic Relief ဆိုတဲ့ လူမှုရေးအသင်းနဲ့ မိတ်ဖက်ပြုလုပ်ထားပြီး ချို့တဲ့သောကလေးငယ်များဘဝသစ်စနိုင်ရေးအကူအညီ ပေးနေတဲ့ flying Start ဆိုတဲ့ အစီအစဉ်တစ်ခု ပြုလုပ်ထားပါတယ်။ အခုပြု လုပ်တဲ့ပွဲကတော့ အားကစားရန်ပုံငွေရရှိအောင် လှုပ်ရှားမှုတစ်ရပ်အနေနဲ့ အခုလို လုပ်ဆောင်ခဲ့တာလည်း ဖြစ်ပါတယ်။ ယူပီအိုင်ဒေါ့ကွန်း

 

့်ျျ

၁၇ နှစ်ကြာ သူငယ်ချင်းအဖြစ် ခင်မင်လာသူနှစ်ဦးက ညီအစ်မအရင်းဖြစ်နေ

လာတိုယာဝင်ဘာလေနဲ့ အက်ရှ်လေသောမတ်စ်တို့ဟာ အလယ်တန်းကျောင်းသူဘဝကတည်းက အခင်ဆုံးသူငယ်ချင်းတွေ ဖြစ်ခဲ့ကြတာပါ။ သူတို့ နှစ်ဦးကြားမှာ ကံတရားက ရိုက်ခတ်မှုကတော့ ဆန်းကြယ်လှပါတယ်။ ၁၇ နှစ် ကြားအချစ်ဆုံးသူငယ်ချင်းတွေအဖြစ်ရှိခဲ့ကြတဲ့သူတို့နှစ်ဦးဟာ ညီအစ်မအရင်း ခေါက်ခေါက်တွေ ဖြစ်နေတယ်ဆိုတာကို မထင်မှတ်ဘဲသိခွင့်ရခဲ့ပါတယ်။ အခု အခါမှာ အသက် ၃၁ နှစ် ရှိနေပြီဖြစ်တဲ့ သောမတ်စ်ကတော့ ဒီအဖြစ်အပျက်ကိုသိလျှင်သိချင်း သူညဘက်အိပ်လို့တောင် မပျော်ခဲ့ဘူးလို့ ပြောပါတယ်။ ဝင်ဘာလေ ကတော့ အသက် ၂၉ နှစ်ရှိပါပြီ။ ဝင်ဘာလေကို ညီမအဖြစ် တော်စပ်ခွင့်ရတာကို ဝမ်းသာပေမယ့် သူ့ရဲ့ အဖေအရင်းဟာ သူ့ဘေးနားမှာရှိနေခဲ့တယ်ဆိုတာကို သတိမထားမိတဲ့အတွက် ခံစားရတယ်လို့ ပြောပါတယ်။

သောမတ်စ်ဟာ သူ့ရဲ့လက်ရှိအဖေဟာ အဖေအရင်းမဟုတ်ဘူးဆိုတာကို သူ့အနေနဲ့ ၁၅ နှစ် အရွယ်ကတည်းက သိထားခဲ့ပါတယ်။ သူတို့ သူငယ်ချင်းနှစ်ဦး ညီအစ်မတွေအဖြစ် စပြီးသိရှိခွင့်ရတာလည်း ထူးဆန်းပါတယ်။ ပါတီပွဲတစ်ခုမှာ သူတို့အတူတက် တဲ့ပုံကို ဖေ့စ်ဘုတ်ပေါ်တင်ခဲ့ပါတယ်။ အဲဒီပုံတွေထဲမှာ ဝင်ဘာလေရဲ့ အဖေ့ ပုံပါ ပါသွားပါတယ်။ သောမတ်စ်အမေရဲ့ သူငယ်ချင်းက ဝင်ဘာလေရဲ့ အဖေ့ပုံကို မြင်တဲ့အခါမှာတော့ ဝင်ဘာလေရဲ့ အဖေနဲ့ သောမတ်စ်ရဲ့ အမေတို့အရင်တုန်းက တွဲခဲ့ဖူးတာကို ပြန်ပြောပြခဲ့ပါတယ်။ အဲဒါကြောင့် သူတို့ နှစ်ဦး ဒီအင်န်အေစစ်ကြည့် လိုက်တဲ့အခါ အဖြေကတော့ သူတို့နှစ်ဦးဟာ ( ညီအစ်မတွေဖြစ်နေတယ်ဆိုတာကို သိရှိခွင့်ရလိုက်ပါတော့တယ်။

သူငယ်ချင်းဘဝကတည်းက တစ်ဦးနဲ့တစ်ဦး အလွန်ချစ်ကြသူတွေမို့ ညီအစ်မအဖြစ်ပြောင်းလဲသွားချိန်မှာတော့ သူတို့အတွက် ဘာမှထူးဆန်းမနေတော့ပါဘူး။

ဘီအီးတီနယူးစ်

 

 

အစာစားချိန်မှာ နည်းပညာအသုံးပြုခြင်းဟာ အစာစားမှုကို လျော့ကျစေ

နောက်ထပ်သတင်းတစ်ပုဒ်ကတော့ ဝိတ်ချချင်တဲ့သူ ပိန်ချင်တဲ့သူတွေ အတွက် အဆင်ပြေမယ့်သတင်းတစ်ပုဒ်ပါပဲ။ အဲဒါကတော့ထမင်းစားချိန်မှာ နည်းပညာတစ်ခုခုကိုအသုံးပြုနေမယ်ဆိုရင် အစာတွေအများကြီးမစားဖြစ်တော့ဘူးဆိုတဲ့သတင်းပါပဲ။ အစာစားနေချိန်မှာ နည်းပညာကိုအသုံးပြုခဲ့မယ် ဆိုရင် အစာစားတဲ့ပမာဏကို လျော့ကျစေတယ်လို့ အီလီနွိုက်တက္ကသိုလ်ရဲ့ ဝက်ဘ်ဆိုက်မှာ ဖော်ပြထားပါတယ်။ ဒီလေ့လာမှုကိုတော့ လူပေါင်း ၁၁၉ ဦးနဲ့ စမ်းသပ်ခဲ့တာပဲဖြစ်ပါတယ်။ တစ်နေ့မှာတော့ အစာစားနေစဉ် သူတို့ကို ဂိမ်း ကစားခိုင်းထားပြီး နောက်တစ်နေ့မှာတော့ ပုံမှန်အတိုင်းသာ အစာစားစေပြီးလေ့လာမှုပြုလုပ်ခဲ့ပါတယ်။ အဲဒီမှာ သုတေသီတွေတွေ့ရှိခဲ့တာကတော့ ကွန်ပျူ တာဂိမ်းကစားစဉ်အစာစားမှုဟာနည်းပါးသွားတာကိုတွေ့ရပါတယ်။ နောက်ပြီး ဘယ်လောက်အထိ သူတို့စားလိုက်မိလဲဆိုတာကိုတောင် မမှတ်မိကြပါဘူး။ ကွန်ပျူတာဂိမ်းမကစားဘဲ ပုံမှန်အတိုင်းသာ အစာစားရတဲ့အုပ်စုက အစား ပိုစားတာကို လေ့လာတွေ့ရှိခဲ့ရပါတယ်။

 

ြျ့်ျျ

ဆင်ဟွာ မျက်ရည်ပုံသဏ္ဌာန်ရှိသည့်ကြယ်ကို အပျော်တမ်းနက္ခတ္တဗေဒပညာရှင်များ ရှာဖွေတွေ့ရှိ

ကြယ်တွေဆီမှာ ထူးခြားမှုတစ်ခုခု ရှိနေပြီဆိုရင် နက္ခတ္တဗေဒပညာရှင်တွေ ကတန်းပြီး သတိပြုမိတတ်ကြပါတယ်။ HD74423 လို့ အမည်ရတဲ့ ကြယ်ရဲ့ ထူးခြားမှုဖြစ်စဉ်ကိုတော့ အပျော်တမ်းနက္ခတ္တဗေဒပညာရှင်တွေက သတိပြုမိ ခဲ့ကြပါတယ်။ နာဆာရဲ့နောက်ဆုံးပေါ်ဂြိုဟ်ရှာဖွေတဲ့ အာကာသဂြိုဟ်တုကနေ ရှာဖွေ တွေ့ရှိခဲ့တာပါ။ အဲဒီကြယ်ရဲ့ ပုံစံဟာထူးဆန်းနေတာကို သူတို့သတိထား မိခဲ့ကြပါတယ်။ အဲဒီကြယ်ဟာ ကမ္ဘာမြေနဲ့အလင်းနှစ် ၁၅၀၀ အကွာမှာတည်ရှိပြီး အဲဒီကြယ်ဟာ ဓာတုဗေဒနည်းအရ ထူးခြားတဲ့ကြယ်တစ်လုံးဆိုတာကို သိရှိခဲ့ကြ ပါတယ်။ ကြယ်တွေမှာ ပုံမှန်အားဖြင့် သတ္တုကြွယ်ဝပါတယ်။ ဒီကြယ်မှာတော့ သတ္ထုနည်းပါးတာကို တွေ့ရပါတယ်။ ဒါကြောင့်လည်း ရှားပါးတဲ့ပုံစံဖြစ်နေရတာပါ။ အဲဒီကြယ်ဟာ နေနဲ့ နှိုင်းယှဉ်မယ်ဆိုရင် ထုထည်အားဖြင့် ၁ ဒသမ ၇ဆ ရှိပါတယ်။

ဖလစ်ဘုတ်ဒေါ့ကွန်း

 

်ျ်ိျ‌ေ

ဒိုင်နိုဆောဟုယူဆရသည့် အသေးဆုံးငှက်တစ်ကောင်၏ဦးခေါင်းကို နှစ်ပေါင်း ၉၉ သန်း သက်တမ်းရှိသည့် ပယင်းထဲတွင်တွေ့ရှိ

 

ဒိုင်နိုဆောလို့ယူဆရတဲ့ အမျိုးအမည်သေချာမသိရှိရသေးသော သတ္တဝါ တစ်ကောင်ရဲ့ ဦးခေါင်းခွံကို သက်တမ်းအားဖြင့် နှစ်ပေါင်း ၉၉ သန်းရှိပြီဖြစ်တဲ့ ပယင်းထဲမှာ တွေ့ရှိခဲ့ပါတယ်။ ယနေ့အခါမှာ အသေးဆုံးငှက်လို့ တင်စားခံရတဲ့ ငှက်ပိတုန်းထက်တောင် အဲဒီသတ္တဝါရဲ့ အရွယ်အစားက သေးငယ်နေပါသေး တယ်။ လွှသွားပုံသဏ္ဌာန်ရှိတဲ့သွားတွေဟာ မေးရိုးမှာ အပြည့်ရှိနေပါတယ်။ သုတေသီတွေကတော့ အဲဒီဦးခေါင်းရုပ်ကြွင်းကိုကြည့်ပြီး အသေးဆုံးဒိုင်နိုဆော ပဲလို့ပြောကြပါတယ်။ များသောအားဖြင့် ဒိုင်နိုဆောဆိုတဲ့သတ္တဝါဟာ အကောင် အကြီးစား ကြောက်စရာသတ္တဝါကြီးလို့ ထင်မြင်ခဲ့ကြပေမယ့် ယခုပယင်းထဲမှာ တွေ့ရတဲ့ဒိုင်နိုဆောကတော့ဖြင့် ထင်ထားတာနဲ့ကွဲလွဲနေပါတယ်။ ဒီရုပ်ကြွင်းကို လေ့လာခြင်းအားဖြင့် ဒိုနိုဆောတွေရဲ့ ဂေဟစနစ်မှာပျောက်ဆုံးနေတဲ့အပိုင်းတွေ ရှိတယ်ဆိုတာကို သိလာရတယ်လို့ကယ်လီဖိုးနီးယားပြည်နယ် စခရစ်ကောလိပ် က ဇီဝဗေဒဆိုင်ရာပါမောက္ခ လားစ်စကက်မစ်က ပြောကြားခဲ့ပါတယ်။

ကိုးကား -သည်အင်န်ဒီပန်းဒန့်

အခုဖော်ပြပေးခဲ့တဲ့သတင်းတွေကတော့ ကမ္ဘာ့တစ်ဝန်းမှာပေါ်ပေါက်ခဲ့တဲ့ ဖြစ်ရပ်ဆန်း၊ အာကာသနဲ့ ဆေးပညာဆိုင်ရာသတင်းတွေပဲဖြစ်ပါတယ်။