ထန်းတပင်မြို့နယ်အတွင်းရှိ အသွားအလာကန့်သတ် စောင့်ကြည့်ရေးစင်တာများသို့ ကိုဗစ်-၁၉ ရောဂါ ကာကွယ်သုံးပစ္စည်းများနှင့် အလှူငွေများ လှူဒါန်း

ထန်းတပင်  ၃၁ အောက်တိုဘာ    

ရန်ကုန်မြောက်ပိုင်းခရိုင်၊ ထန်းတပင်မြို့နယ်အတွင်း ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေးလုပ်ငန်းများ ဆောင်ရွက်ရာတွင် အသုံးပြုနိုင်ရန်အတွက် ရန်ကုန်မြောက်ပိုင်းခရိုင်၊ လမ်းဦးစီးဌာန ဝန်ထမ်းမိသားစုတို့က ရောဂါကြိုတင် ကာကွယ်သုံးပစ္စည်းများနှင့် အလှူငွေကျပ် ငါးသိန်းတို့ကို မြို့နယ် ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုန့်ပြန်ရေးကော်မတီသို့ လာရောက်လှူဒါန်းခဲ့သည်။

အဆိုပါ ရန်ကုန်မြောက်ပိုင်းခရိုင်၊ လမ်းဦးစီးဌာန ခရိုင်ဦးစီးမှူး ဦးကျော်သန်းဌေးနှင့် ဝန်ထမ်းမိသားစုတို့မှ စုပေါင်းလှူဒါန်းသည့် ငွေကျပ် ငါးသိန်းတန်ဖိုးရှိ ရောဂါကြိုတင်ကာကွယ်သုံး ဝတ်စုံများ၊ ဆေးဖျန်းပုံးနှင့် ဆေးရည်များ၊ ခေါင်းစွပ်များ၊ လက်သန့်ဆေးရည်များနှင့် အလှူငွေကျပ်ငါးသိန်းတို့ကို မြို့နယ်အတွင်း ရောဂါကြိုတင် ကာကွယ်ရေးလုပ်ငန်းများ ဆောင်ရွက်နေသည့် တက်သစ်တိုက်နယ်ဆေးရုံနှင့် အ.ထ.က(ထန်းတပင်)၊ အ.ထ.က(ခွဲ) အုတ်ဖို၊ အ.ထ.က(ခွဲ)အတွင်းရေကျော်နှင့် အ.လ.က(ခွဲ)ရွာသစ် အခြေခံပညာကျောင်းစင် တာလေးခုတို့မှ တာဝန်ရှိသူများထံ ခွဲဝေလှူဒါန်းပေးခဲ့ကြောင်း သိရသည်။

ထန်းတပင်မြို့နယ်အတွင်း ကိုဗစ်-၁၉ ရောဂါ ကူးစက်ပျံ့နှံမှုများမှ ကြိုတင်ကာကွယ်နိုင်ရေးအတွက် မြို့နယ် တာဝန်ရှိသူများနှင့် ပရဟိတလူမှုအဖွဲ့အစည်းများ ဝိုင်းဝန်းပူးပေါင်းကာ အရှိန်အဟုန်မြှင့် ဆောင်ရွက်လျက်ရှိ ကြောင်း သိရသည်။        

ဇင်မင်းထိုက်(ထန်းတပင်)