ထိုင်းနိုင်ငံက ရထားပေါ်မှာ ကိုရိုနာဗိုင်းရပ်စ်ပိုးရှိသူတစ်ဦး သေဆုံးနေတာ တွေ့ရှိ

၂ ဧပြီ

ထိုင်းနိုင်ငံက အများသုံးရထားပေါ်မှာ ကိုရိုနာဗိုင်းရပ်စ်ပိုးကူးစက်ခံထားရသူတစ်ဦး သေဆုံးနေတာ တွေ့ရှိခဲ့ကြောင်း ဗုဒ္ဓဟူးနေ့က တာဝန်ရှိသူတွေက ပြောပါတယ်။ 

သေဆုံးသူဟာ ပါကစ္စတန်နိုင်ငံကနေ ပြန်လာသူဖြစ်ပြီး ဘန်ကောက်ကနေ ထိုင်းနိုင်ငံ တောင်ပိုင်းပြည်နယ် နာရာသီဝပ်ကို သွားရောက်မယ့် ရထားကို တနင်္လာနေ့က စီးနင်းခဲ့ကြောင်း ရထားအာဏာပိုင်တွေက ပြောပါတယ်။
 
အသက် ၅၇ နှစ်အရွယ်မှာ ပါကစ္စတန်နိုင်ငံမှ ဆရာဝန်တစ်ဦးရဲ့ ခရီးသွားဖို့ ကျန်းမာကြောင်း ထောက်ခံစာနဲ့ ကိုရိုနာဗိုင်းရပ်စ်ပိုးမရှိကြောင်း မတ် ၂၆ ရက်စွဲနဲ့ ထောက်ခံစာ ပါရှိကြောင်း သိရပါတယ်။ ဒါပေမယ့် အဲဒီအမျိုးသားဟာ  ထိုင်းနိုင်ငံကို ဘယ်နေ့က ပြန်ရောက်ခဲ့ကြောင်း အခုထိ ရှင်းရှင်းလင်းလင်း မသိသေးကြောင်း သိရပါတယ်။ 

သေဆုံးသူရဲ့ ခန္ဓာကိုယ်ကို ရထားအိမ်သာရှေ့မှာ တွေ့ရှိခဲ့ရာ အဲဒီအမျိုးသားနဲ့ တွဲတစ်တည်း စီးနင်းလာတဲ့ ခရီးသည် ၁၅ ဦးကို ကာကွယ်ရေးဝတ်စုံဝတ်ဆင်ထားတဲ့ လုပ်သားတွေက သီးသန့်နေရာကို ခေါ်ဆောင်သွားခဲ့ပါတယ်။

ပြီးခဲ့သီတင်းပတ်ရဲ့ ဗုဒ္ဓဟူးနေ့ကစပြီး အရေးပေါ်အခြေအနေကို ကြေညာပြီး ထိုင်းနိုင်ငံကို ဝင်ရောက်မယ့် သံတမန်ကလွဲပြီး ဝင်ရောက်ခွင့်ပိတ်ပင်ခဲ့ပါတယ်။ ဒါ့အပြင် နိုင်ငံကို ဝင်ရောက်မယ့် ဘယ်သူမဆို ကျန်းမာရေးထောက်ခံချက်နဲ့အတူ ၁၄ ရက်တိတိ သီးသန့်ခွဲပြီး အသွားအလာကို စောင့်ကြည့်မယ်လို့ ကြေညာထားပြီးလည်း ဖြစ်ပါတယ်။

ထိုင်းနိုင်ငံမှာ ဗိုင်းရပ်စ်ပိုးကူးစက်ခံရသူပေါင်း ၁၇၀ဝ ဦး နဲ့ သေဆုံးသူ ၁၃ ဦး ရှိသွားကြောင်း သိရပါတယ်။ ရောဂါကူးစက်သူ ၆၀ ရာခိုင်နှုန်းက သီတင်းတစ်ပတ်အတွင်း တိုးလာသလို သေဆုံးအရေအတွက်ဟာ သုံးဆ ဖြစ်လာတဲ့အတွက် ၁၃ ဦးဖြစ်သွားတာလို့ ပြောပါတယ်။ 

ဘန်ကောက်ရှိ ပန်းခြံတွေမှာထားရှိတဲ့ကန့်သတ်ချက်တွေကို ဖယ်ရှားပေးမှာဖြစ်ပေမယ့် အစားအသောက်ရောက်တဲ့ဆိုင်တွေနဲ့ စတိုးဆိုင်အသေးလေးတွေကို သန်းခေါင်ယံမှ နံနက် ၅ နာရီ (၂၄:ဝ၀ - ဝ၅:ဝ၀) အတွင်း ပိတ်ဖို့ မနေ့က ညွှန်ကြားထားပါတယ်။ 

အိမ်နီးချင်းလာအိုနိုင်ငံမှာတော့ နိုင်ငံသားတွေကို အိမ်မှာဘဲနေထိုင်ရန် အမိန်ပေးထားခြင်းမရှိသေးကြောင်း သိရပါတယ်။ 

MDN
ကိုးကား - AFP