ထားဝယ်မြို့၌ မသန်စွမ်းမှုဆိုင်ရာ ဆွေးနွေးပွဲနှင့် အသိပညာပေးသင်တန်းများဖွင့်

ထားဝယ်  ၂၇  ဇန်နဝါရီ

လူမှုဝန်ထမ်း၊ ကယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြန်လည်ထူထောင်ရေးဦးစီးဌာနနှင့် ရွှေမင်းသား ဖောင်ဒေးရှင်း(မြန်မာ)တို့ ပူးပေါင်း၍ မသန်စွမ်းမှုဆိုင်ရာ ဆွေးနွေးပွဲနှင့် အသိပညာပေးသင်တန်းများဖွင့်ပွဲကို ယနေ့ နံနက် ၉ နာရီက တနင်္သာရီတိုင်းဒေသကြီး ထားဝယ်မြို့ ထားဝယ်မူလတန်းကြိုကျောင်းခန်းမ၌ ကျင်းပသည်။

 

4116

 

အခမ်းအနားတွင် တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးမြင့်မောင်က “ရွှေမင်းသားဖောင်ဒေရှင်းအနေဖြင့် မသန်စွမ်းသူ များ၏ ပညာရေး၊ ကျန်းမာရေး၊ အသက်မွေးဝမ်းကျောင်း၊ လူမှုရေး၊ စွမ်းဆောင်နိုင်ရည်နှင့် စိတ်ဓာတ်ခွန်အား ဖြည့်ဆည်း ပေးခြင်းဆိုသည့် ကကြီး(၅)ရပ်ကို ဟန်ချက်ညီညီ ဆောင်ရွက်ပေးနေသော အဖွဲ့အစည်းဖြစ်ကြောင်း၊ မြန်မာနိုင်ငံတစ်ဝန်းရှိ မသန်စွမ်းသူများ၏ အကျိုးကို ပိုမိုလုပ်ဆောင်နိုင်ရန်အတွက် ရန်ကုန်ရုံးချုပ်အပြင် အထက်မြန်မာပြည် မန္တလေးရုံးနှင့် နေပြည်တော် အပါအဝင် တိုင်းဒေသကြီးပြည်နယ်များတွင် ရုံးခွဲ ၁၀ ခုနှင့် အခြေစိုက်စခန်း ၅ ခု စုစုပေါင်း ၁၈ ခု ဖွင့်လှစ်ထားပြီး ယခုအချိန်အထိ မသန်စွမ်းသူ ၁၃၀၀၀ ကျော်၏ ဘဝလှပရေးကို ဆောင်ရွက်ပေးနေသည်ကို သိရသောကြောင့် ဝမ်းသာပါကြောင်း၊ ရွှေမင်းသားဖောင်ဒေးရှင်းကဲ့သို့ တနင်္သာရီတိုင်းဒေသကြီးတွင် အခြားသော အဖွဲ့အစည်းများ ပေါ်ထွက်လာစေရန် တိုင်းဒေသကြီး အစိုးရအဖွဲ့အနေဖြင့် အားပေးကြောင်း” ပြောကြားသည်။

 

4134

 

ထို့နောက် ရွှေမင်းသားဖောင်ဒေးရှင်း(မြန်မာ) ဥက္ကဋ္ဌ ဦးမြတ်သူဝင်းက မသန်စွမ်းမှုဆိုင်ရာ အသိပညာပေး သင်တန်းများ ဖွင့်လှစ်ရခြင်းနှင့် ပတ်သက်၍ ရှင်းလင်းပြောကြားသည်။

 

4138

 

အခမ်းအနားတွင် ရွှေမင်းသားဖောင်ဒေးရှင်း(မြန်မာ)မှ ဒေါ်အေးနန္ဒာဌေးက မသန်စွမ်းသူများ ကိုယ့်အားကိုယ်ကိုးကာ မသန်စွမ်းသူ တစ်ဦးချင်း ကိုယ်စီလိုအပ်ချက်များ ဖြည့်ဆည်းနိုင်ပြီး ပိုမိုကောင်းမွန်သာယာသော ကမ္ဘာ့ကြီးနှင့် လူ့အသိုင်းအဝန်း တည်ဆောက်ရေးကဏ္ဍတွင် မသန်စွမ်းသူများပါဝင်နိုင်ရေးအတွက် ရည်ရွယ်၍ ကျင်းပခြင်းဖြစ်ကြောင်း ရွှေမင်းသား ဖောင်ဒေးရှင်း(မြန်မာ)၏ လှုပ်ရှားဆောင်ရွက်မှုများကို ရှင်းလင်းပြောကြားသည်။

 

4145

 

ဆက်လက်၍  တက်ရောက်လာသူများအား နုလုံးသားထက်မြက်သူ ဗီဒီယိုအခွေအားပြသပြီး ဌာနဆိုင်ရာတာဝန်ရှိသူများနှင့် မသန်စွမ်းသူများ၏ အခွင့်အရေးဥပဒေ၊ နည်းဥပဒေနှင့် UNCRPD ဆိုင်ရာ အသိပညာပေးသင်တန်း၊ တိုင်းဒေသကြီး/ ပြည်နယ်တို့တွင် ကောက်ယူထားရှိသော မသန်စွမ်းသူများဆိုင်ရာ အချက်အလက်ကို ကွင်းဆင်းလေ့လာ၍ ပြန်လည်မှတ်တမ်းတင်ခြင်း၊ အစီရင်ခံစာများ ပြုစုတင်ပြခြင်းလုပ်ငန်းများ ဆောင်ရွက်ရန် စသည့်တို့ကို ဆွေးနွေးခဲ့ကြောင်း သိရသည်။

ကျော်ကျော်လတ်(ပြန်/ဆက်)