သပိတ်ကျင်းမြို့နယ်တွင် မိုးသည်းထန်စွာရွာသွန်းပြီး တောင်ကျရေစီးဆင်းမှုကြောင့် လမ်းများပျက်စီး

သပိတ်ကျင်း စက်တင်ဘာ- ၁၉

 

မန္တလေးတိုင်းဒေသကြီး၊ သပိတ်ကျင်းမြို့နယ်တွင် ယနေ့ နံနက် ၂ နာရီခန့်တွင် မိုးသည်းထန်စွာရွာသွန်းပြီး တောင်ကျရေများစီးဆင်းမှုကြောင့် မန္တလေး-တကောင်း-ဗန်းမော် ကားလမ်းပိုင်းအချို့ ပျက်စီးမှုများဖြစ်ပေါ် ခဲ့ကာ တွင်းငယ်ကျေးရွာအုပ်စု၊ ပေါက်တပင်ကျေးရွာအုပ်စု၊ ဝါးရုံကုန်းကျေးရွာအုပ်စုနှင့် ကျောက်ဖျာကျေးရွာ အုပ်စုများတွင် လူနေအိမ်များအတွင်းသို့ တောင်ကျရေများဝင်ရောက်ခဲ့ကြောင်း သိရသည်။

 

အဆိုပါ တောင်ကျရေစီးဆင်းမှုကြောင့် မန္တလေး-တကောင်း- ဗန်းမော်ကားလမ်းမ မိုင်တိုင်အမှတ် ၂၁/၅ မှ ၂၈/၅ အထိ ရေအနက် (၁)ပေခွဲခန့် ကျော်တက်ခဲ့ပြီး မိုင်တိုင်အမှတ် ၂၈/၂နှင့် ၂၈/၅ အကြား ကတ္တရာလမ်း ၀/၁ဖာလုံခွဲခန့် ပျက်စီးခြင်း၊ ပေါက်တပင်ကျေးရွာ အထကစာသင်ကျောင်း အုတ်တံတိုင်း ၆ပေ× ၅ပေ အခန်း (၄၀)ခန်း ပြိုကျပျက်စီးခြင်း၊ ကျောက်ဖျာကျေးရွာ ရွာတွင်းကျောက်ချောလမ်း ၈၄၀ ပေ×၁၂ပေ× ၆လက်မ ပျက်စီးခြင်း၊ ကျောက်အိုးကျေးရွာရှိ စက်တပ်လှေ (၅)စီးတောင်ကျရေနှင့်အတူ မျှောပါသွားခြင်း၊ တွင်းငယ်ကျေးရွာရှိ ၁၈၀ ပေ × ၁၄ ပေ × ၉ ပေ ချောင်းကူးတံတား နိမ့်ကျမှုဖြစ်ပွားခြင်း၊ ဒေါင်းပုန်းကျေးရွာ ကျေးရွာတွင်းချောင်းကူးတံတား ၁၈၀ ပေ × ၁၄ ပေ × ၉ ပေပျက်စီးခြင်း၊ ဝါးရုံကုန်းကျေးရွာ အထက(ခွဲ) စာသင်ကျောင်းအုတ်တံတိုင်း ၆ ပေ × ၄ ပေ (၅၂)ခန်းပြိုကျပျက်စီးခြင်းနှင့် ကျောင်းအဝင်ပေါက် သံတံခါး တောင်ကျရေနှင့်အတူ မျှောပါခြင်း၊ ဝါးရုံကုန်းကျေးရွာ ဃောသိတာရုံဘုန်းတော်ကြီးကျောင်းရှိ အုတ်တံတိုင်း ၆ ပေ × ၅ပေ (၁၁)ခန်း ပြိုကျပျက်စီးခြင်း၊ ဝါးရုံကုန်းကျေးရွာအဝင်(၁)လမ်း ပျက်စီးခြင်း၊ ကျေးရွာအဝင် (၂)လမ်း မြေသားလမ်း ပျက်စီးခြင်းများ ဖြစ်ပေါ်ခဲ့ကြောင်း သိရသည်။

 

အဆိုပါ မိုးသည်းထန်စွာရွာသွန်းကာ တောင်ကျရေစီးဆင်းမှုကြောင့် ပျက်စီးမှုများ ဖြစ်ပေါ်ခဲ့ရာသို့

 

ဖြစ်စဉ်အား မြို့နယ် သဘာဝဘေးအန္တရာယ်စီမံခန့်ခွဲမှုအဖွဲ့ဥက္ကဋ္ဌ ဦးသန်းထိုက်အောင်နှင့် အဖွဲ့ဝင်များ ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ပြီး တပ်မတော်သားများ၊ ရဲတပ်ဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်မျာနှင့် ပရဟိတ အဖွဲ့များမှ  မန္တလေး-တကောင်း-ဗန်းမော် ကာလမ်း ခရီးသွားပြည်သူများ အန္တရာယ်ကင်းစွာ သွားလာနိုင်ရေး နှင့် ကျေးရွာများအရောက် ကူညီကယ်ဆယ်ရေများ ဆောင်ရွက်ပေးလျှက်ရှိကြောင်း သိရသည်။

စိုးနိုင်ဝင်း(ပြန်/ဆက်)