သန်လျင်မြို့နယ်အတွင်းရှိ အိမ်ထောင်စု ၃၄၇၃၆ စုအတွက် ထောက်ပံ့ငွေများပေးအပ်

ရန်ကုန် ၁၂ သြဂုတ်

 

ရန်ကုန်တောင်ပိုင်းခရိုင် သန်လျင်မြို့နယ်အတွင်းမှ ပုံမှန်ဝင်ငွေမရှိသော အခြေခံပြည်သူများအား နိုင်ငံတော်မှ ထောက်ပံ့ငွေများ ပေးအပ်ပွဲကို ယနေ့မွန်းလွဲ ၃ နာရီက သန်လျင်မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပသည်။

 

ရှေးဦးစွာ သန်လျင်မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန မြို့နယ်အုပ်ချုပ်ရေးမှူး ဦးအောင်ကိုထွန်းက ပုံမှန်ဝင်ငွေမရှိသော အခြေခံပြည်သူများအတွက် နိုင်ငံတော်မှ ထောက်ပံ့ငွေများအား ပြည်သူလက်ဝယ်အရောက် ထောက်ပံ့နိုင်ရေးအတွက် ရပ်ကွက်နှင့်ကျေးရွာ အုပ်ချုပ်ရေးမှူးများက စနစ်တကျ ဆောင်ရွက်ရန် ဆွေးနွေးမှာကြားသည်။

 

ထို့နောက် မြို့နယ်အုပ်ချုပ်ရေးမှူးနှင့် တာဝန်ရှိသူများက ရပ်ကွက်နှင့်ကျေးရွာ အုပ်စု (၂၂)အုပ်စုမှ အိမ်ထောင်စု ၃၄၇၃၆ စုအတွက် ထောက်ပံ့ငွေကျပ် ၆၉၄၇၂၀၀၀၀ ကို သက်ဆိုင်ရာ အုပ်ချုပ်ရေးမှူးများမှတစ်ဆင့် ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။

 

သန်းဝင်း(သန်လျင်)