သမဝါယမအသင်းစုချုပ်များမှ ကုန်စည်ဖလှယ်ရောင်းဝယ်ခြင်းနည်းလမ်းဖြင့် ပြည်သူများ ဈေးနှုန်းချိုသာစွာ စားသုံးနိုင်ရေး စီစဉ်ဆောင်ရွက်

၁၃ သြဂုတ် 

 

စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ သမဝါယမဦးစီးဌာန၏ စီစဉ်ကြီးကြပ်မှုဖြင့် တိုင်းဒေသကြီး/ပြည်နယ်အသီးသီးမှ ဒေသထွက်ကုန်များကို ကိုဗစ်-၁၉ ကာလအတွင်း ကုန်စည်စီးဆင်းလည်ပတ်မှုနှုန်း လျင်မြန်လွယ်ကူစေရန်၊ တောင်သူများ၏အခွင့်အရေးများ မဆုံးရှုံးစေရန်နှင့် သမဝါယမအသင်းသားပြည်သူများ ဈေးနှုန်းချိုသာစွာ စားသုံးနိုင်စေရန် တိုင်းဒေသကြီး/ပြည်နယ် သမဝါယမအသင်းအဆင့်ဆင့်တို့မှ ဆောင်ရွက်လျက်ရှိသည်။

 

ထိုသို့ ဆောင်ရွက်လျက်ရှိရာတွင် မကွေးတိုင်းဒေသကြီး ဆိပ်ဖြူမြို့နယ် ဒေသထွက် ကြက်သွန်နီပိဿာချိန် ၁၀၀၀၀ ကို ရှမ်းဒေသသို့ ပို့ဆောင်ပြီး ရှမ်းပြည်နယ်ဒေသထွက် အာလူးပိဿာချိန် ၅၀၀၀ ကို မကွေးတိုင်းဒေသကြီးသို့ ပြန်လည်သယ်ယူကာ မကွေးတိုင်းဒေသကြီးနှင့် ရှမ်းပြည်နယ်အတွင်းရှိ ဌာနဆိုင်ရာဝန်ထမ်းများ၊ သမဝါယမအသင်းသားပြည်သူများ ပြင်ပပေါက်ဈေးထက် သက်သာသောနှုန်းထားဖြင့် ဖြန့်ဖြူးနိုင်ရေးအတွက် ကုန်စည်ဖလှယ်ခြင်းနည်းလမ်းဖြင့် ဆောင်ရွက်ပေးလျက်ရှိကြောင်း သမဝါယမဦးစီးဌာနမှ သိရသည်။

 

MDN