သိပ္ပံ၊ နည်းပညာနှင့် ဆန်းသစ်တီထွင်မှုဆိုင်ရာမူဝါဒ (မူကြမ်း) အပြီးသတ် အကြံဉာဏ်ရယူဆွေးနွေးပွဲ ကျင်းပ

mdn

နေပြည်တော် ၂၇ အောက်တိုဘာ

 

သိပ္ပံ၊ နည်းပညာနှင့် ဆန်းသစ်တီထွင်မှု မူဝါဒ(မူကြမ်း) အပြီးသတ် အကြံဉာဏ်ရယူခြင်း အစည်းအဝေးပွဲကို ယနေ့မွန်းလွဲ နာရီတွင် ဗီဒီယိုကွန်ဖရင့်ဖြင့် ကျင်းပသည်။

 

ဆွေးနွေးပွဲသို့ သိပ္ပံ၊ နည်းပညာနှင့် ဆန်းသစ်တီထွင်မှုကောင်စီ ဒုတိယဉက္ကဋ္ဌ ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီး၊ ရန်ကုန်တိုင်းဒေသကြီး ဘဏ္ဍာရေးနှင့် စီးပွားရေးဝန်ကြီး ဉီးရဲမင်းဉီး၊ အစိုးရဝန်ကြီးဌာန အသီးသီးကိုယ်စားပြု ညွှန်ကြားရေးမှူးချုပ်များ၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ ညွှန်ကြားရေးမှူးများ၊ သိပ္ပံ၊ နည်းပညာနှင့် ဆန်းသစ်တီထွင်မှုကောင်စီ အဖွဲ့ဝင် အစိုးရမဟုတ်သော အဖွဲ့အစည်းအသီးသီးမှ ဉက္ကဋ္ဌနှင့် ဒုဉက္ကဋ္ဌများ၊ UNESCAP မှ တာဝန်ရှိပုဂ္ဂိုလ်များ၊ နိုင်ငံတကာပေါ်လစီ ကျွမ်းကျင်သူများ တက်ရောက်ဆွေးနွေးကြသည်။

 

ဆွေးနွေးပွဲတွင် ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီးက သိပ္ပံ၊ နည်းပညာနှင့် ဆန်းသစ်တီထွင်မှု မူဝါဒ (မူကြမ်း) သည် စနစ်တကျ ရေရှည်တည် တံ့ခိုင်မြဲ၍ ဟန်ချက်ညီသော ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းများကို အကောင်အထည်ဖော် ဆောင်ရွက်ရန်အတွက် ပညာရေးဝန်ကြီးဌာနသည် UNESCAP ၏အကူအညီဖြင့် နိုင်ငံတကာ မူဝါဒကျွမ်းကျင်ပညာရှင်များထံမှ အကြံဉာဏ်များရယူကာ၊ မြန်မာနိုင်ငံ၏ ဝန်ကြီးဌာန၊ အဖွဲ့အစည်းအသီးသီးနှင့် ကျွမ်းကျင်သူများ၏ အကြံဉာဏ်များဖြင့်မူဝါဒ မူကြမ်းအား ( )ကြာ အင်တိုက်အားတိုက် ရေးဆွဲထားခြင်း ဖြစ်ကြောင်း၊ အဆိုပါ မူဝါဒမူကြမ်းအား အဆင့်ဆင့် အကြံဉာဏ်များရယူ ဆောင်ရွက်ပြီးစီးလာရာ ယခုအခါ အပြီးသတ် အကြံဉာဏ်ရယူခြင်း ဖြစ်သောကြောင့် တက်ရောက်လာပါသော ပညာရှင်များ၏ အကြံဉာဏ်များဖြင့် ပိုမိုပြည့်စုံသော မူဝါဒတစ်ရပ်ဖြစ်လာစေရန် ရည်ရွယ်ပါကြောင်း၊ သိပ္ပံ၊နည်းပညာနှင့် ဆန်းသစ်တီထွင်မှု မူဝါဒထွက်ပေါ် လာပါကလည်း သက်ဆိုင်ရာဝန်ကြီးဌာန အသီးသီးက ပူးပေါင်းအကောင်အထည်ဖော်ရမည် ဖြစ်သည့်အတွက် အလေးပေးဆွေး နွေးစေလိုကြောင်းနှင့် ဆွေးနွေးမှုများအတွက်လည်း ကျေးဇူးတင်ရှိပါကြောင်း ပြောကြားသည်။

 

ယင်းနောက် United Nation ESCAP မှ Mr.Jonathan Wong ( Chief of Technology and Innovation Division) က အဖွင့်စကားပြောကြားရာတွင် United Nation ယုံကြည်ချက်ဖြစ်သော သိပ္ပံ၊နည်းပညာနှင့် ဆန်းသစ်တီထွင်မှုများသည် တိုင်းပြည်တစ်ပြည်၏ ရင်ဆိုင်နေရသော အခက်အခဲများကို ကျော်လွှားနိုင်ပြီး SDG 2030 ကို ရရှိစေနိုင်မည့် အရာများဖြစ်ကြောင်း၊ သိပ္ပံနည်းပညာနှင့် ဆန်းသစ်တီထွင်မှုကဏ္ဍတွင် ရင်းနှီးမြုပ်နှံခြင်းဖြင့် တိုင်းပြည်၏ စီးပွါးရေးရည်မှန်းချက်၊ ရေရှည်တည်တံ့ခိုင်မြဲသော လူမှု့ရေး၊ စီးပွားရေးများကို ရရှိနိုင်မည့် ကူးပြောင်းရေးလမ်းကြောင်းပင် ဖြစ်ပါကြောင်း၊ သိပ္ပံနည်းပညာနှင့် ဆန်းသစ်တီထွင်မှုကဏ္ဍသည် တိုင်းပြည်၏ နည်းပညာ စွမ်းရည်များ မြှင့်တင်ရန်အတွက် အစိုးရဌာနအချင်းချင်း ပူးပေါင်းမှုများ လိုအပ်ပါကြောင်း၊ မူဝါဒကြမ်း ထွက်ပေါ်ရေးအတွက် Covid ကာလ၌ပင် အင်တိုက်အားတိုက် ပါဝင်ဆောင်ရွက်ပေးခဲ့ကြသော ပညာရေးဝန်ကြီးဌာန၊ သုတေသနနှင့် တီထွင်ဆန်းသစ်မှု ဉီးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်နှင့် အဖွဲ့အစည်းအသီးသီးမှ ကိုယ်စားလှယ်များအား ကျေးဇူးတင်ရှိပါကြောင်း ပြောကြားသည်။

 

ဆက်လက်၍ တက်ရောက်လာကြသည့် ဝန်ကြီးများနှင့် အဆင့်မြင့်အရာရှိကြီးများမှ မူဝါဒမူကြမ်းအား ဝိုင်းဝန်းဆွေးနွေးကြကြောင်း သိရသည်။

 

သတင်းစဉ်