Screen Actors Guild Awards ဆုပေးပွဲမှာ ပြန်လည်ဆုံတွေ့ခဲ့ကြတဲ့ ဘရက်ပစ်နဲ့ ဂျနီဖာအန်နစ်စတန်

၂၁  ဇန်နဝါရီ

တစ်ချိန်က ဟောလိဝုဒ်ရဲ့ ကျော်ကြားတဲ့ ကြယ်ပွင့်စုံတွဲတစ်တွဲဖြစ်တဲ့ မင်းသား ဘရက်ပစ်နဲ့ မင်းသမီး ဂျနီဖာအန်နစ်စတန် တို့ဟာ လတ်တလောပြုလုပ်ခဲ့တဲ့ Screen Actors Guild Awards ဆုပေးပွဲမှာ  ပြန်လည်ဆုံတွေ့ခဲ့ကြတာ ဖြစ်ပါတယ်။ ဒီလိုတွေ့ဆုံရာမှာ နှစ်ဦးသား တရင်းတနှီးရှိနေတာကြောင့် သူတို့နှစ်ဦးကို ဟောလိဝုဒ်မီဒီယာအချို့က အချစ်ဟောင်းတွေအနက် အကောင်းဆုံးဆက်ဆံရေး ရှိနေကြသူတွေအဖြစ် ဖော်ပြခဲ့ကြတာကိုလည်း တွေ့ရပါတယ်။ ။

ဇန်နဝါရီ ၁၉ ရက်က လော့စ်အန်ဂျလိစ်မှာ ပြုလုပ်ခဲ့တဲ့ ယခုနှစ်အတွက် Screen Actors Guild Awards ဆုပေးပွဲမှာ ဘရက်ပစ်က အကောင်းဆုံး အမျိုးသားဇာတ်ပို့ဆုက ိုရရှိခဲ့ပြီး ဂျနီဖာအန်နစ်စတန်ကတော့ ရုပ်သံဇာတ်လမ်းတွဲ အတွက် အကောင်းဆုံး အမျိုးသမီးဇာတ်ဆောင်ဆုကို ဆွတ်ခူးနိုင်ခဲ့တာပါ။ အီးနယူးက ဖော်ပြခဲ့တဲ့ ဗီဒီယိုမှာ ဂျနီဖာအန်နစ်စတန် ဆုလက်ခံရယူပြီး အမှတ်တရစကားပြောကြားချိန်မှာ ဘရက်ပစ်က သူ့ရဲ့ ဇနီးဟောင်းဖြစ်သူကို ငေးကြည့်နေခဲ့တာကိုလည်း တွေ့ရပါတယ်။ ။

ဒါ့အပြင် သူတို့နှစ်ဦးကို ဆုပေးပွဲအခမ်းအနားမှာ စကားလက်ဆုံကျနေတာကိုလည်း တွေ့ရပါတယ်။ ဆုပေးပွဲအပြီးမှာ ပြုလုပ်ခဲ့တဲ့ပါတီပွဲကိုလည်းအတူ တက်ရောက်လာခဲ့တာကို တွေ့ရကြောင်း သတင်းတွေ ပေါ်ထွက်ခဲ့တယ်လို့ သိရပါတယ်။

အေးပြည့်

 

11883016-3x2-700x467