ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့နှင့် စေတနာရှင်ပြည်သူများမှ ရခိုင်ပြည်နယ် ကိုဗစ်-၁၉ လုပ်ငန်းများအတွက် အလှူငွေနှင့် ပစ္စည်းများပေးပို့လှူဒါန်း

ရန်ကုန် ၂၃ စက်တင်ဘာ

ရခိုင်ပြည်နယ် ကိုဗစ်-၁၉ ကာကွယ်၊ ထိန်းချုပ် ကုသရေးလုပ်ငန်းများတွင် အသုံးပြုရန် ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့နှင့် စေတနာရှင်ပြည်သူများမှ အလှူငွေနှင့် ပစ္စည်းများကို စက်တင်ဘာ ၂၄ ရက်တွင် ရန်ကုန်မြို့မှ မော်တော်ယာဉ်များဖြင့် ရခိုင်ပြည်နယ်အစိုးရထံသို့ ပေးပို့လှူဒါန်းမည်ဖြစ်ကြောင်း သိရသည်။

မော်တော်ယာဥ်ဖြင့် ပို့ဆောင်လှူဒါန်းရာတွင် ငွေသားကျပ် ၇၉၃၄၀၀၀ နှင့်  ငွေကျပ် ၆၃၄၈၆၅၀၀ တန်ဖိုးရှိ လှူဒါန်းပစ္စည်းများမှ PPE ဝတ်စုံ ၂၉၃၀ စုံ၊ Mask  ၁၃၁၆၇၀ ခု၊ မျက်မှန် ၂၂၆၄ ခု၊ လက်သန့်ဆေးရည် ၂၃၅၄၆ ဘူး၊ ခြေနင်းဘေစင် ၄ ခု၊ Calsome ကွေကာ ၃၀၀ ထုတ်၊ Tea Mix ၆၀၀ ထုတ်၊ ရာဘာလက်အိတ် ၂၀၄၀၀ စုံ၊ (Face Shield) ၃၃၂ ခု၊ Dettol ဆပ်ပြာ ၁၀၀ တုံး၊ ဆီ 0.9 Liter ၂၇၇၅ ဘူး၊ ပိုးသတ်မီးချောင်း ၆ ချောင်း၊ လက်ညှစ်အသက်ရှူစက် ၄ ခု၊ ပိုးသတ်ဆေး ၁၂ ဘူး၊ အရက်ပျံ ၁၈ ဘူး၊ ကလိုရင်း ၁၀၀ အိတ်၊ ရာဘာဖိနပ်ရှည် ၂၂၀ စုံ၊ Cap ၄ ဘူး၊ အဝတ်နှာခေါင်းစည်း ၁၅၅ ခု၊ Hand Gel ဘူးခွံ ၁၂၀ ဘူး၊ အသက်ရူ့စက် ၁ လုံး၊ Alcohol Pad ၃၂၀၀ ခုတို့ဖြစ်ကြပြီး အဆိုပါပစ္စည်းများအား မော်တော်ယာဥ်များဖြင့် စက်တင်ဘာ ၂၄ ရက် နံနက်ပိုင်းမှ စတင်ထွက်ခွာကာ ရခိုင်ပြည်နယ် အမ်းမြို့မှ ပြည်နယ်အစိုးရအဖွဲ့ထံ အရောက်ပေးပို့လှူဒါန်းမည်ဖြစ်ကြောင်း သိရသည်။

ဆန်းကျော်ဦး (ပြန်/ဆက်)