ရီးယဲလ်ဆိုစီဒက်တိုက်စစ်မှူး ဝီလီယံဂျို့စ်ကို ဝုဖ်အသင်း အငှားဖြင့် ခေါ်ယူ 

၂၃ ဇန်နဝါရီ

ဝုဖ်အသင်းက  ဆိုစီဒက်အသင်းတိုက်စစ်မှူး ဝီလီယံဂျို့စ်ကို  ရာသီအကုန်အထိ အငှား စာချုပ်နဲ့ ခေါ်ယူခဲ့ပါတယ်။ ဝုဖ်က အငှားကာလပြည့်မြောက်ချိန် ၂၀၂၁ ခုနှစ် နွေဈေးကွက် မှာတော့ ဂျို့စ်ကို အပြီးသတ်ဝယ်ယူဖို့ သဘောတူထားပြီးဖြစ်ပါတယ်။

ဂျို့စ် ရောက်ရှိလာပြီဖြစ်တဲ့အတွက် ဝုဖ်မန်နေဂျာ နျူနိုဆန်းတို့စ် အတွက်  တိုက်စစ်ပိုင်းမှာ ရွေးချယ်စရာ ပိုများလာတဲ့ အနေအထားရောက်ရှိသွားပြီလို့ ဆိုရမှာဖြစ်ပါတယ်။  တိုက်စစ်ပိုင်းပြဿနာရှိနေတဲ့ နည်းပြ ဆန်းတို့စ်အနေနဲ့   ဂျို့စ်ကို လာမယ့်ဇန်နဝါရီ  ၂၇ ရက် ချယ်လ်ဆီးနဲ့ကစားမယ့် ပရီမီယာလိဂ်ပွဲစဉ်မှာ ပွဲဦးထွက်အဖြစ် ထည့်သွင်းကစား စေမယ်လို့ မျှော်လင့်ရပါတယ်။

 ဒီဘရာဇီးတိုက်စစ်မှူးက ၂၀၁၆ ခုနှစ် ဆိုစီဒက်ကို ရောက်ရှိချိန်ကတည်းကနေ လက်ရှိ ကာလအထိ ကလပ်အသင်းအတွက် ပွဲ ၁၇၀ ကစားပြီး  ၆၂ ဂိုး သွင်းယူပေးထားပါတယ်။ 

မေလဲ့သင်း