ရေနံချောင်းမြို့နယ်၌ ၂၀၂၀-၂၀၂၁ ပညာသင်နှစ် အခြေခံပညာကျောင်း ၇ ကျောင်း အဆင့်တိုးမြှင့် ဖွင့်လှစ်ခွင့်ရရှိ

ရေနံချောင်း  ၃၀  ဇွန်

 

မကွေးတိုင်းဒေသကြီး ရေနံချောင်းမြို့နယ်၌ ၂၀၂၀-၂၀၂၁ ပညာသင်နှစ်တွင် ပညာရေးဝန်ကြီးဌာန အခြေခံပညာ ဦးစီးဌာန၏ သတ်မှတ်ချက်များနှင့်အညီ  အခြေခံပညာကျောင်း ၇ ကျောင်း အဆင့်တိုးမြှင့် ဖွင့်လှစ်ခွင့်ရရှိကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ သိရသည်။

 

အဆိုပါ အဆင့်တိုးမြှင့်ဖွင့်လှစ်ခွင့်ရရှိသည့် ကျောင်းများမှာ သုံးဆယ့်ခြောက်ကျေးရွာနှင့် ကုန်းသောင်ကျေးရွာတို့မှ အခြေခံပညာအလယ်တန်းကျောင်းများကို အထက်တန်းကျောင်း(ခွဲ) အဖြစ်လည်းကောင်း၊ ပင်းဝကျေးရွာ အခြေခံပညာအလယ်တန်းကျောင်း(ခွဲ)ကို အထက်တန်းကျောင်း အဖြစ်လည်းကောင်း၊ ရွှေတုတ်ကန်ကျေးရွာနှင့် ဆည်ကျေးရွာတို့မှ အခြေခံပညာ မူလတန်းလွန် ကျောင်းများကို  အလယ်တန်းကျောင်းအဖြစ်လည်းကောင်း၊ ရုံးဆိပ် (မြောက်)ကျေးရွာနှင့် စမ်းကန်ကြီး ကျေးရွာတို့မှ အခြေခံပညာမူလတန်းကျောင်းများကို မူလတန်းလွန်ကျောင်းများ အဖြစ်လည်းကောင်း စုစုပေါင်းအခြေခံပညာကျောင်း ၇ ကျောင်း အဆင့်တိုးမြှင့်ဖွင့်လှစ်ခွင့်ရရှိရာ ရေနံချောင်း မြို့နယ်တွင် အခြေခံပညာကျောင်း ၁၅၂ ကျောင်းရှိကြောင်း သိရသည်။

 

ကိုစိုးကြီး