ပုသိမ်ကြီး၊ နောင်ချိုနှင့် တာချီလိတ်မြို့နယ်တို့တွင် မူးယစ်ဆေးဝါးများ ဖမ်းဆီးရမိ

နေပြည်တော် ၈  ဩဂုတ်  

 

မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များသည် ဩဂုတ် ၇ ရက် ညနေပိုင်း တွင် ပုသိမ်ကြီးမြို့နယ် ကျောက်ချောကျေးရွာ ၁၆ မိုင် ပူးပေါင်းစစ်ဆေးရေးစခန်းတွင် ဘိုဘိုထွန်း မောင်းနှင်ပြီး ရန်နိုင်ဝင်း၏ မော်တော်ယာဉ်ကို ရပ်တန့်ရှာဖွေရာ  စိတ်ကြွရူးသွပ်ဆေးပြား ၁,၇၅၅ ပြား၊ လက်ကိုင်ဖုန်း ၃ လုံးတို့ကိုလည်းကောင်း၊ 

 

အလားတူ ယင်းနေ့ညနေ ၅ နာရီခွဲတွင် မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များ သည် နောင်ချိုမြို့ အဝင် မူဆယ် -မန္တလေး သွားကားလမ်း မိုင်တိုင်အမှတ်(၈၀/၄)တွင် Nissan AD Van အမျိုးအစား ခရီးသည်တင်မော်တော်ယာဉ်ကို ရပ်တန့်ရှာဖွေရာ ခရီးသည် စိုင်းဘအေး တင်ဆောင်လာသော ခြင်း ၃ ခြင်း အတွင်းမှ ဘိန်းစိမ်း ၁၀ ကီလိုနှင့် လက်ကိုင်ဖုန်း တစ်လုံးတို့ကိုလည်းကောင်း၊ 

 

ထို့အတူ ယင်းနေ့ ညနေ ၅ နာရီခန့်တွင် တာချီလိတ်မြို့မရဲစခန်းမှ တပ်ဖွဲဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် တာချီလိတ်မြို့နယ် ဝမ်လုံကျေးရွာအုပ်စု ယမ်းခေါင်ကျေးရွာ ကျောက်ခွဲစက်အနီး တာချီလိတ်-မိုင်းဆတ် သွားကားလမ်းပေါ်တွင် FORTUNER အမျိုးအစား မော်တော်ယာဉ်ကိုရှာဖွေရန် ရပ်တန့်ခိုင်းစဉ် ယာဉ်မောင်းမှာ မော်တော်ယာဉ်အား လမ်းဘေးရပ်တန့်ထားပြီး ထွက်ပြေးတိမ်းရှောင်သွား၍ ဆက်လက်ရှာဖွေရာ ယာဉ်ပေါ်မှ ငွေကျပ်သိန်း ၉၆၀၀၀ တန်ဖိုးရှိ စိတ်ကြွရူးသွပ်ဆေးပြား ၆,၄၀၀,၀၀၀ သိမ်းဆည်းရမိခဲ့သဖြင့် ယင်းတို့အား မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာ ဥပဒေအရ အရေးယူထားကြောင်း သိရသည်။ 

 

(ရဲပြန်ကြား)