ပုဂံမြို့တွင် အများပြည်သူသုံးအတွက် လျှပ်စစ်ထရန်စဖော်မာများတိုးချဲ့တပ်ဆင်

ညောင်ဦး ၂၅  စက်တင်ဘာ

 

မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးမြို့နယ် ပုဂံမြို့အတွင်းရှိ အများပြည်သူသုံးအတွက်လျှပ်စစ်ဓာတ်အား ဖြန့်ဖြူးပေးလျက်ရှိသော လျှပ်စစ်ထရန်စဖော်မာ တိုးချဲ့တပ်ဆင်ခြင်းလုပ်ငန်းများကို လျှပ်စစ်ဝန်ထမ်းများက အင်တိုက်အားတိုက် ဆောင်ရွက်လျက်ရှိရာ စက်တင်ဘာ ၂၅ရက်တွင်လည်း ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း ပုဂံမြို့ လျှပ်စစ်မန်နေဂျာ ဦးမျိုးမင်းထွန်းထံက သိရသည်။

 

အဆိုပါ အများပြည်သူသုံး လျှပ်စစ်ထရန်စဖော်မာ တိုးချဲ့တပ်ဆင်ခြင်းလုပ်ငန်းများကို ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ်အတွင်း ငွေလုံးငွေရင်းရန်ပုံငွေစာရင်းခေါင်းစဉ်အောက်မှ ကျခံဆောင်ရွက်ခြင်းဖြစ်ကာ လျှပ်စစ်ဓာတ်အားသုံးစွဲသူပြည်သူများ လျှပ်စစ်ဓာတ်အား ပြတ်တောက်ချိန် လျော့နည်းကျဆင်းပြီး လျှပ်စစ်ဓာတ်အားကိုစံချိန်စံညွှန်းနှင့်အညီဗို့အား ပြည့်ပြည့်ဝဝဖြင့် လျှပ်စစ်အန္တရာယ် ကင်းရှင်းစွာအသုံးပြုနိုင်ရန် ဆောင်ရွက်ရခြင်းဖြစ်ကြောင်း၊ထရန်စဖော်မာများ ချွတ်ယွင်း လောင်ကျွမ်းပျက်စီးခြင်းမှကြိုတင် ကာကွယ်နိုင်ရန် ဆောင်ရွက်ရခြင်းဖြစ်ကြောင်းနှင့် စီမံချက်ချ ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း ပုဂံမြို့လျှပ်စစ်မန်နေဂျာ ဦးမျိုးမင်းထွန်းက ရှင်းလင်းပြောကြားသည်။

 

မောင်မောင်ထိန်၊ကျောက်ပန်းတောင်း