ပင်လည်ဘူးမြို့၌ တန်ဆောင်မုန်းလပြည့်နေ့ နိဗ္ဗာန်ဈေးပွဲတော်သို့ လာရောက်သူများဖြင့်စည်ကား

ပင်လည်ဘူး  ၁၂ နိုဝင်ဘာ 

 

စစ်ကိုင်းတိုင်းဒေသကြီး ကသာခရိုင် ပင်လည်ဘူးမြို့၌ တန်ဆောင်မုန်းလပြည့်နေ့တွင် (တတိယ အကြိမ်)မြန်မာ့ရိုးရာ နိဗ္ဗာန်ဈေးပွဲတော်ကို နိုဝင်ဘာ ၁၁ ရက် ညနေ ၄ နာရီက မြို့ပေါ် ရပ်ကွက်များ တွင် စည်ကား သိုက်မြိုက်စွာ ကျင်းပခဲ့ကြောင်း သိရသည်။

 

အဆိုပါ နိဗ္ဗာန်ဈေးပွဲတော်တွင်  စေတနာရှင် အလှူရှင်များမှ မိမိတို့ဈေးဆိုင်မှ ပစ္စည်းများကို မဲနှိုက်၍ မေတ္တာ ဖြင့် အခမဲ့ပေးဝေရာ ဈေးဆိုင်တစ်ဆိုင်လျင် ပစ္စည်းအမျိုးပေါင်း ၅၀ ကျော်လှူဒါန်းဒါနပြုကြပြီး  ပင်လည်ဘူးမြို့၏ တတိယအကြိမ်မြောက်နိဗ္ဗာန်ဈေးပွဲတော်တွင် စေတနာအလှူရှင်များမှ တစ်ဆိုင်လျှင်ပစ္စည်းပေါင်း ၅၀ ကျော်ဖြင့်အဝတ်အထည်များ၊ လျှပ်စစ် ပစ္စည်းများ၊ စက်ပစ္စည်းများ၊ စက်ဘီးများ၊ စားသောက်ဖွယ်ရာများ၊ လူအသုံးအဆောင် ပစ္စည်းများ၊ အိမ်သုံးပစ္စည်းများနှင့် အခြားအသုံးအဆောင် ပစ္စည်းများကို မဲနှိုက်၍ လှူဒါန်း ဒါနပြုကြရာ နိဗ္ဗာန် ဈေးပွဲတော်သို့ လာရောက် ကြသူများအား စေတနာအလှူရှင်များက စတုဒိသာမုန့်များဖြင့် ကျွေးမွေးကြကာ နိဗ္ဗာန်ဈေးပွဲတော်သို့ လာရောက် သူများဖြင့်  စည်ကားခဲ့ကြောင်းသိရသည်။

 

အဆိုပါ နိဗ္ဗာန်ဈေးပွဲတော်တွင် ဗလာမပါ ဆုမဲပေါင်း (၄၀၈၄)မဲ၊ တန်ဖိုးငွေကျပ်သိန်းပေါင်း ၁၆၀.၃၁၅၀ဝ  ရှိကြောင်း သိရသည်။

 

မျိုးလွင်(ပင်လည်ဘူး)