ပခုက္ကူမြို့၌ Online မှတစ်ဆင့် သဘာဝဘေးအသိပညာပေး Talk Show ပွဲပြုလုပ်

ပခုက္ကူ ၂၅ စက်တင်ဘာ

 

ကိုဗစ်-၁၉ကာလအတွင်း ဌာနဆိုင်ရာများ၊ အရပ်ဖက်အဖွဲ့အစည်းများနှင့် ပြည်သူလူထုများ တွေ့ဆုံဆွေးနွေးခြင်း၊ ထိတွေ့ဆက်ဆံမှုများ နည်းပါးလာခြင်းကြောင့် အများပြည်သူများအနေဖြင့် Online မှတစ်ဆင့် အသိပညာဗဟုသုတများ ကျယ်ကျယ်ပြန့်ပြန့် လေ့လာသိရှိပြီး လိုက်နာဆောင်ရွက်နိုင်စေရန်ရည်ရွယ်၍ ပခုက္ကူခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန၊ ခရိုင်ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနနှင့် မြို့နယ်မီးသတ်ဦးစီးဌာနတို့ ပူးပေါင်းပြီး သဘာဝဘေးအသိပညာပေး Talk Show ပွဲအစီအစဉ်ကို စက်တင်ဘာလ ၂၅ရက် နံနက် ၉နာရီက ခရိုင်ပြန်/ဆက်ရုံး၊ Community Centre ခန်းမ၌  ပြုလုပ်သည်။

 

ရှေးဦးစွာ  သဘာဝဘေးအသိပညာပေး Talk Show ပွဲအစီအစဉ်ပြုလုပ်ရခြင်းနှင့် ပတ်သက်၍ ပခုက္ကူခရိုင်ပြန်/ ဆက်ရုံး ခရိုင်ဦးစီးမှူး ဦးဇော်ဌေးအောင်က ရှင်းလင်းပြောကြားပြီး ပါဝင်ဆွေးနွေးမည့်သူများအား မေးခွန်းများမေးမြန်းသည်။  ဆက်လက်၍  ပခုက္ကူခရိုင်ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်ခင်သန္တာရွှေက ဌာန၏ သဘာဝဘေးအန္တရာယ်ဆိုင်ရာလုပ်ငန်းတာဝန်ရည်မှန်းချက်များ၊  ဘေးမဖြစ်မီ၊ ဘေးဖြစ်စဉ်နှင့်ဘေးဖြစ်ပွားပြီး နောက်ကယ်ဆယ်ရေးလုပ်ငန်းများဆောင်ရွက်ပေးသည့်အကြောင်းများ၊ အသိပညာနှင့်သင်တန်းများဆောင်ရွက်ပေးသည့်အကြောင်း၊ ပခုက္ကူမြို့ နယ်မီးသတ်ဦးစီးဌာန၊ မြို့နယ်မီးသတ်ဦးစီးမှူး ဦးလွင်ကိုကိုလတ်က ဌာန၏ ရည်မှန်းချက် လုပ်ငန်းတာဝန်များ၊ ရေးဘေး၊ မီးဘေး၊ လေဘေးနှင့်အခြားရှာဖွေကယ်ဆယ်ရေးဆိုင်ရာ လုပ်ငန်းများဆောင်ရွက်ပေးသည့်အကြောင်း၊ ပြည်သူလူထုအနေဖြင့် သဘာဝဘေးနှင့်ကြုံတွေ့နေရပါက ဆက်သွယ်ဆောင်ရွက်နိုင်သည့် နည်းလမ်းများနှင့် ဖုန်းနံပါတ်များအကြောင်းတို့ကို  အသီးသီးရှင်း လင်းဆွေးနွေးကြသည်။

 

ထို့နောက် သဘာဝဘေးအသိပညာပေး Talk Show ဆွေးနွေးမှုများအပေါ် ခရိုင်ပြန်/ဆက်ဦးစီးမှူး ဦးဇော်ဌေးအောင်က သဘာဝဘေးအန္တရာယ်ဆိုင်ရာအခက်အခဲ၊ ပြဿနာများနှင့်ကြုံတွေ့လာပါက သက်ဆိုင်ရာဌာနများသို့ အချိန်မီ  ဆက်သွယ်ဆောင်ရွက်နိုင်ကြောင်း၊ အဆိုပါဆွေးနွေးမှုများကို ပခုက္ကူခရိုင်ပြန်/ဆက်ရုံး၏ တရားဝင် Facebook Page ဖြစ်သည့် IPRD Pakokku Facebook Page တွင် ထုတ်လွှင့်တင်ဆက်သွားမည်ဖြစ်ကြောင်းတို့ဖြင့် နိဂုံးချုပ်ဖြည့်စွက်ဆွေးနွေးသည်။

 

ဆလိုင်းကိုကီး(ပြန်/ဆက်)