ဖားကန့်မြို့ ဝှေခါကျေးရွာ မြေပြိုမှုဖြစ်စဉ်တွင် သေဆုံးသူ ၁၆၂ ဦး ရှာဖွေတွေ့ရှိပြီး ဒဏ်ရာရရှိသူ စုစုပေါင်း(၅၄)ဦးအား ဆေးရုံသို့ တင်ပို့ကုသထား

ဖားကန့် ၂ ဇူလိုင်

 

ကချင်ပြည်နယ်၊ မိုးညှင်းခရိုင်၊ ဖားကန့်မြို့နယ်၊ ဆိပ်မူကျေးရွာအုပ်စု၊ ဝှေခါကျေးရွာ၊ လခူးချောင်ရပ်ကွက်ရှိ တစ်သုံးလုံး၊ ရတနာကြယ်၊ ကျောက်မျက်ရွှေကြည်၊ ရတနာဆန်းရွှင်၊ ဧရာရတနာစုပေါင်း လုပ်ကွက်ဟောင်းနေရာများတွင် ရေမဆေးသမားများ ရေမဆေးကျောက်ဝင်ရောက် တူးဖော်နေစဉ် ယနေ့ နံနက် ၈ နာရီခန့်က မိုးရွာသွန်းမှုကြောင့် မြေပြိုကျမှုဖြစ်ပွားရာ ယနေ့ည ၇ နာရီ ၁၅ မိနစ်အထိ  သေဆုံးသူ ၁၆၂ ဦး  ရှာဖွေတွေ့ရှိခဲ့ပြီး ဒဏ်ရာရရှိသူ စုစုပေါင်း(၅၄)ဦးအား ဖားကန့်ဆေးရုံနှင့် ဝှေခါတိုက်နယ်ဆေးရုံသို့ ပို့ဆောင်ပေးခဲ့ကြောင်း မြန်မာနိုင်ငံ မီးသတ်တပ်ဖွဲ့မှ သတင်းရရှိပါသည်။

 

MDN

Crd, Myanmar Fire Service Department