ပဲခူးမြို့ ဖွံ့ဖြိုးရေးလုပ်ငန်းများ ကြည့်ရှုစစ်ဆေး

ပဲခူး စက်တင်ဘာ ၁၀

ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် တိုင်းဒေသကြီး ဝန်ကြီးများ၊ တာဝန်ရှိသူ များနှင့်အတူ ယနေ့ နံနက်ပိုင်းတွင် ပဲခူးမြို့၊ အရှေ့ဘက်မြို့ရှောင်လမ်းမှ ပဲခူးမြို့တွင်းသို့ ချိတ်ဆက်မည့် မဂ္ဂတစ်လမ်းပေါ်ရှိ ကျုံးကူးတံတား တည်ဆောက်နေမှုကို လည်းကောင်း၊ မြို့မဈေးရှေ့ ရန်ကုန်- မန္တလေး လမ်းဘေးဝဲ/ယာ ပလက်ဖောင်းနှင့် အုတ်ရေမြောင်း ပြုလုပ်နေမှုကိုလည်းကောင်း၊ ဗုဒ္ဓ အသံဓမ္မဗိမာန်တော်ကြီး မြန်မာမှုအနုပညာ လက်ရာများဖြင့် ပြန်လည်အဆင့်မြှင့်တင် မွမ်းမံနေမှု ကိုလည်းကောင်း၊  ပဲခူးမြို့တွင်း ဈေးရောင်းချနေသူများအား ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး ထိုးနှံပေးနေမှုကိုလည်းကောင်း ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များကို မှာကြားသည်။

 

ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ်သည် ရှေးဟောင်းသမိုင်းဝင် ဆုတောင်းပြည့် ဟင်္သာကုန်း စေတီတော်မြတ်ကြီးသို့ ရောက်ရှိပြီး ဘုရားဂေါပကအဖွဲ့ဝင်များနှင့် စေတီတော် ဘက်စုံဖွံ့ဖြိုးတိုး တက်ရေးနှင့်  ဓာတ်လှေကားတပ်ဆင်နိုင်ရေးတို့ကို ဆွေးနွေးကာ အလှူငွေ ကျပ်(၅)သိန်း ပေးအပ် လှူဒါန်းခဲ့ကြောင်း သိရသည်။

(သတင်းစဉ်)