နယ်စပ်ရေးရာဝန်ကြီးဌာနမှ သောက်သုံးရေဖူလုံစေရေးအတွက် ကျေးရွာများသို့ ရေလှူဒါန်း

နေပြည်တော်  ၂  ဧပြီ

 

နေပြည်တော်ကောင်စီနယ်မြေ၊ ပျဉ်းမနားခရိုင်၊ ပျဉ်းမနားမြို့နယ်၊ ကံဦးရပ်ကွက်၊ တောင်သာနှင့် မဲကုန်း ကျေးရွာများသို့ သောက်သုံးရေ ဖူလုံစေရေးအတွက် ယနေ့နံနက်ပိုင်းတွင် နယ်စပ်ရေးရာဝန်ကြီးဌာနမှ တာဝန်ရှိသူများက သွားရောက်လှူဒါန်းသည်။

 

ထိုသို့ လှူဒါန်းရာတွင် နယ်စပ်ဒေသနှင့် တိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးတိုးတက်ရေးဉီးစီးဌာနမှ တာဝန်ရှိသူများနှင့် အုပ်ချုပ်ရေးမှူးများမှ ဦးဆောင်၍ ကံဦးရပ်ကွက်သို့ ရေဂါလံ (၂၀၀၀)၊ တောင်သာကျေးရွာသို့ ရေဂါလံ (၂၀၀၀) နှင့် မဲကုန်းကျေးရွာသို့ ရေဂါလံ (၂၀၀၀) စုစုပေါင်း ရေဂါလံ (၆၀၀၀) အား အိမ်ထောင်စုအလိုက် သောက်သုံးရေ ဖူလုံစွာ သုံးစွဲနိုင်ရေးအတွက် ရေသယ်ယာဉ်ဖြင့်သယ်ဆောင်၍ စနစ်တကျ ခွဲဝေလှူဒါန်း ပေးခဲ့သည်။

 

ဆက်လက်၍ ဇေယျာသီရိမြို့နယ်နှင့် ပုဗ္ဗသီရိမြို့နယ်များတွင်းရှိ ကျေးရွာများသို့လည်း သောက်သုံးရေ ဖူလုံစေရေးအတွက် နယ်စပ်ရေးရာဝန်ကြီးဌာနမှ အလှည့်ကျ ရေများပေးဝေလှူဒါန်းသွားမည်ဖြစ်သည်။ ယမန်နှစ်ကလည်း ကျေးရွာ (၆) ရွာသို့ ရေဂါလံ (၆၀၀၀၀) လှူဒါန်းပြီး မိုးမကျမီကာလထိ သောက်သုံးရေများ ဆက်လက် လှူဒါန်းပေးမည်ဖြစ်ကြောင်း သတင်းရရှိသည်။

 

သတင်းစဉ်