နတ်တလင်းမြို့နယ်၌  အားကစားပစ္စည်းများ ပေးအပ်လှူဒါန်းပွဲပြုလုပ်

နတ်တလင်း  ၁၁   သြဂုတ် 


ပဲခူးတိုင်းဒေသကြီး သာယာဝတီခရိုင် နတ်တလင်းမြို့နယ် အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန အစည်းအဝေးခန်းမ၌ သြဂုတ် ၁၀ ရက် မွန်းလွဲ ၁ နာရီက ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနမှ ထောက်ပံ့ပေးသော Outdoor Fitness Equipment များနှင့် မြို့နယ် အားကစားနှင့် ကာပညာဦးစီးဌာနမှ ပေးအပ်သည့် အားကစားပစ္စည်းများ ပေးအပ်လှူဒါန်းပွဲ အခမ်းအနား ပြုလုပ်ခဲ့သည်။


အခမ်းအနားတွင် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးခင်အေးက အားကစားပစ္စည်းများ ထောက်ပံ့ပေးရခြင်း၏ ရည်ရွယ်ချက်မှာ ကျောင်းသား ကျောင်းသူများ ကျန်းမာသန်စွမ်းပြီး ဉာဏ်ရည်ထက်မြက်စေရန် စုပေါင်း လေ့ကျင့်ခြင်းအားဖြင့် ပူးပေါင်းဆောင်ရွက် စေလိုသော စိတ်ဓာတ်များဖြစ်ပေါ်စေရန် ဇွဲလုံ့လတို့ဖြင့် စိတ်ဓာတ်ပိုမိုကြံ့ခိုင်လာစေရန် ရည်ရွယ်ချက်များဖြင့် ပေးအပ်ခြင်းဖြစ်ကြောင်း၊ ဆရာ ဆရာမများအနေနှင့် ကျောင်းသား ကျောင်းသူများကို အားကစားချိန် သီးသန့်သတ်မှတ်လုပ်ဆောင်ကြ စေလိုကြောင်း ခရိုင်အားကစားနှင့်ကာယပညာဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်သူဇာအောင်က ဘောလုံး၊ ပိုက်ကျော်ခြင်းများ ပေးအပ်လှူဒါန်းခြင်းနှင့် ပတ်သက်၍ ရှင်းလင်းပြောကြားပြီး အားကစားပစ္စည်းများအား ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်နှင့် တာဝန်ရှိသူများက အသီးသီးပေးအပ်ရာ  ဆရာကြီး ဆရာမကြီးများက လက်ခံယူခဲ့ကြသည်။


အဆိုပါ ပေးအပ်လှူဒါန်ပွဲသို့ ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးသန်းထွန်း၊ ဒုတိယမြို့နယ်ပညာရေးမှူး ဦးအောင်ကိုဝင်း၊ အထက်တန်းကျောင်းအုပ်ဆရာကြီး ဆရာမကြီးများ၊ တိုက်နယ်မှူးများ တက်ရောက်ကြကြောင်းနှင့် Outdoor Fitness Equipment ပစ္စည်း(၅)စုံ၊ ဘောလုံး(၁၈)လုံး၊ ပိုက်ကျော်ခြင်းအတွက် ပိုက်(၁၀)ခုတို့ ပေးအပ်လှူဒါန်းကြောင်း သိရသည်။


တင်မြင့်(နတ်တလင်း)