နေပြည်တော် မြို့မဈေးတွင် မီးလောင်မှုဖြစ်ပွား

နေပြည်တော်  ၁၄  အောက်တိုဘာ

နေပြည်တော် မြို့မဈေး အနောက်မြောက်ဘက်ထောင့်ရှိ သူ့ထက်နန်းစိန်ကိတ်နှင့် လက်ဆောင်ပစ္စည်း ရောင်းဝယ်ရေးဆိုင်၌ ယနေ့ည ၉ နာရီ ၄၅ မိနစ်ခန့်တွင် မီးလောင်မှုဖြစ်ပွားခဲ့ပြီး ည ၁၀ နာရီ ၂၂ မိနစ်ခန့်တွင် မီးငြှိမ်းသတ်နိုင်ခဲ့ကြောင်း သိရသည်။

မီးလောင်မှုဖြစ်စဉ်နှင့် ပတ်သက်၍ မြန်မာနိုင်ငံ မီးသတ်တပ်ဖွဲ့မှ ဒုတိယညွှန်ကြားရေးမှူး ဦးလှိုင်ဝင်းအောင်က ကျွန်တော်တို့ ည ၉ နာရီ ၄၅ မိနစ်မှာ မြို့မဈေးက ဆိုင်တစ်ဆိုင် မီးလောင်နေတယ်လို့ စတင်သတင်းရပါတယ်။ ကျွန်တော်တို့ ရောက်တဲ့ အချိန်မှာ Level- 1 ယာဉ်အုပ်စုဖြစ်တဲ့ မီးသတ်ယာဉ် (၁၅)စီးနဲ့ Level-2 မီးသတ်ယာဉ် အစီး(၃၀) စုစုပေါင်း (၄၅)စီးနဲ့ မီးငြှိမ်းသတ်ပါတယ်။ မီးသတ်တပ်ဖွဲ့ဝင် အင်အားက (၃၀ဝ) နဲ့ ငြှိမ်းသတ်ခဲ့ပါတယ်ဟု ပြောသည်။

1++

မီးလောင်မှုတွင် သူ့ထက်နန်းစိန်ကိတ်နှင့် လက်ဆောင်ပစ္စည်း ရောင်းဝယ်ရေး ဆိုင်တစ်ဆိုင်သာ လောင်ကျွမ်းမှုဖြစ်ပွားခဲ့ပြီး အခြားဆိုင်ခန်းများသို့ ကူးစက်လောင်ကျွမ်းမှု မရှိခဲ့ကြောင်း သိရသည်။

21

ပျက်စီးဆုံးရှုံးမှု အခြေအနေကတော့ မျက်မြင်အနေအထားအရ ဆိုင်ထဲမှာရှိတဲ့ စားသောက်ကုန်ပစ္စည်းတွေ အကုန်လောင်သွား ပါတယ်။ မီးလောင်မှုတန်ဖိုး အတိအကျကိုတော့ ဆက်လက်ထုတ်ပြန်သွားပါမယ်။ မီးလောင်မှု အကြောင်းရင်းကို စုံစမ်းနေဆဲ ဖြစ်ပါတယ် ”  ဟု  ဦးလှိုင်ဝင်းအောင်က ပြောသည်။

မျိုးသူဟိန်း