နောက်ဆုံးအပိုင်းတွေမှာ ကြည့်ရှုသူများခဲ့တဲ့ The King: Eternal Monarch

၁၄ ဇွန်

 

တောင်ကိုရီးယားရဲ့ ကျော်ကြားတဲ့ မင်းသားတစ်ဦးဖြစ်သူ လီမင်ဟို စစ်မှုထမ်းဆောင်ပြီးနောက် ပထမဆုံးအကြိမ် ပြန်လည်ရိုက်ကူးခဲ့တဲ့ ဇာတ်လမ်းတွဲရုပ်ရှင် The King: Eternal Monarch ဟာ စတင်ထုတ်လွှင့်ချိန်မှစကာ ကြည့်ရှုသူပရိသတ် အလွန်နည်းခဲ့ပြီး ကြည့်ရှုသူအနည်းဆုံးသော ရုပ်ရှင်အဖြစ် စံချိန်တင်ခဲ့ပါတယ်။ ဒါပေမယ့် အဆိုပါဇာတ်လမ်းတွဲရဲ့ နောက်ဆုံးအပိုင်းနှစ်ပိုင်းကို ယခု သီတင်းပတ်အတွင်း ထုတ်လွှင့်ခဲ့ရာမှာတော့ ကြည့်ရှုသူ ပရိသတ်များပြားခဲ့ကြောင်း စွန်ပီဒေါ့ကွန်းက ဖော်ပြခဲ့ပါတယ်။

 

အဆိုပါဇာတ်လမ်းတွဲဟာ လတ်တလောမှာ ဇာတ်သိမ်းပိုင်းကို လည်း ထုတ်လွှင့်ခဲ့ပြီးဖြစ်ပါတယ်။ ဇွန် ၁၂ ရက်က ဇာတ်သိမ်းပိုင်း ထုတ်လွှင့်ခဲ့ရာမှာတော့ ယခင်က ကြည့်ရှုသူများပြားခဲ့တဲ့ ဇာတ်လမ်း တွဲတွေလိုပင် ပရိသတ်များခဲ့ကြောင်းလည်း သိရပါတယ်။

 

ယင်းဇာတ်လမ်းတွဲရဲ့ နောက်ဆုံးအပိုင်းနှစ်ပိုင်းကို ကြည့်ရှုသူ တောင်ကိုရီးယားရဲ့ ကျော်ကြားတဲ့ မင်းသားတစ်ဦးဖြစ်သူ လီမင်ဟို ၅ ဒသမ ၈ ရာခိုင်နှုန်းနဲ့ ၈ ဒသမ ၁ ရာခိုင်နှုန်း အသီးသီးရှိခဲ့ကြောင်း စစ်မှုထမ်းဆောင်ပြီးနောက် ပထမဆုံးအကြိမ် ပြန်လည်ရိုက်ကူးခဲ့တဲ့ သိရပါတယ်။

 

အေးပြည့်