နော်ဘူဘောဆုတောင်းတောင်၌ တန်ဆောင်တိုင်ရုံးပိက်ရက်များတွင် လာရောက်သူများဖြင့် စည်ကားလျက်ရှိ

သံတောင်ကြီး ၁၂ နိုဝင်ဘာ

ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ်ရှိ အထင်ကရ နေရာတစ်ခုဖြစ်သော နော်ဘူဘောဆုတောင်း တောင်သည် တန်ဆောင်တိုင် အစိုးရရုံးပိတ်ရက်များတွင် လာရောက်အပန်းဖြေသူနှင့် လာရောက် ဆုတောင်းသူများဖြင့် စည်ကားလျက်ရှိသည်။

နော်ဘူဘောဆုတောင်း တောင်ကို အနယ်နယ်အရပ်ရပ်မှ လူမျိုးဘာသာမရွေး လာရောက်ခဲ့ကြပြီး မိမိတို့ ယုံကြည်ရာအတိုင်း ဆုတောင်းခဲ့ကြတယ်လက်ရှိမှာ မြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ တောင်တက်လမ်းများကို ပြန်လည်ပြုပြင်သည့်အတွက် တောင်‌ခြေအထိ ကားများသွားလို့မရပါဘူး။ မြို့ထဲမှာသာ မော်တော်ယာဉ်များထားခဲ့ကြပြီး ‌ခြေကျင် တက်ခဲ့ကြရတယ်။ ခြေကျင်မသွားနိုင်သူများကို ဆိုင်ကယ်ကယ်ရီများဖြင့် ပို့ဆောင်ပေးခဲ့ကြတယ်” ဟု နော်ဘူဘော ဆုတောင်းတောင် ကော်မတီအတွင်းရေးမှူး ဆရာစံလှ၏ ပြောကြားချက်အရ သိရသည်။

အဆိုပါ နော်ဘူဘောဆုတောင်း တောင်ကို လာရောက်သူအများစုမှာ မော်တော်ယာဉ်များဖြင့် လာရောက်ခဲ့ကြသဖြင့် ယာဉ်အန္တရာယ်ကင်းစေရန် မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ ယာဉ်ဝင်ထွက်သွား လာမှုများကိုကူ ညီဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

Holy(ပြန်/ဆက်)

 

mdn