နာဂီတာကျွန်း မီးလောင်မှုတွင် လူ ၃ ဦး သေဆုံး

၂ ဇန်နဝါရီ

 

ဂျပန်ပင်လယ်ကမ်းခြေရှိ နီဂီတာစီရင်စု ဆာဒိုကျွန်းပေါ်ရှိ အိမ်တစ်အိမ်တွင် မီးလောင်မှုဖြစ်ပွားရာ လူသုံးဦး သေဆုံးခဲ့သည်။ 

 

ဗုဒ္ဓဟူးနေ့တွင် လောင်ကျွမ်းခဲ့သည့် အဆိုပါမီးက အိမ်ပေါင်း ၁၅အိမ်နှင့် ဈေးဆိုင်ခန်းများကိုပါ ဝါးမြိုသွားခဲ့သည်။

 

ဗုဒ္ဓဟူးနေ့တွင် ဆာဒိုကျွန်းရှိ မီးသတ်ဌာနမှ တာဝန်ရှိသူများသည် ယင်းနေ့နံနက် ၄ နာရီမတိုင်မီ မီးလောင်မှုနှင့်ပတ်သက်၍ ဖုန်းခေါ်ဆိုမှုတစ်ရပ် ရရှိခဲ့သည်။ မီးသတ်သမားများက မီးလောင်ကျွမ်းမှုကို ၇ နာရီနီးပါးကြာ မီးငြိမ်းသတ်ခဲ့ရသည်ဟု ဆိုသည်။

 

သေဆုံးသူများမှာ သက်ကြီးရွယ်အို စုံတွဲတစ်တွဲနှင့် ၄င်းတို့၏ သားဖြစ်ကြောင်း ရဲတပ်ဖွဲ့က ပြောကြားသည်။ သေဆုံးသူ သားဖြစ်သူမှာ နှစ်သစ်ကူး အားလပ်ရက်များတွင် မိဘများထံ လာရောက်လည်ပတ်သူဖြစ်သည်။

 

အဆိုပါ မီးသည် ရိုယတ်ဆူဆိပ်ကမ်းအနီးရှိ လူနေထူထပ်သော နေရာတစ်ခုတွင် ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။

 

ကိုးကား-အန်အိတ်ချ်ကေ

 

ဘာသာပြန်-မေဇော်ထက်