မြဝတီမြို့၌  မြန်မာရွှေ့ပြောင်းအမျိုးသမီးများအတွက် ခြင်းရက်လုပ်နည်းသင်တန်းဖွင့်လှစ်ပေး

မြဝတီ ၊ ၁၁  ဇွန်

 

ကရင်ပြည်နယ်၊ မြဝတီခရိုင်၊ မြဝတီမြို့ အမှတ်(၃)ရပ်ကွက်ရှိ  ရွှေ့ပြောင်းလုပ်သား စောင့်ကြည့်လေ့လာရေးအဖွဲ့ (MMG) ရုံး၌ အိမ်တွင်းမှု လက်မှုပညာသင်တန်းဖြစ်သည့် ခြင်းရက်လုပ်နည်းကို ယနေ့နံနက်(၉) နာရီက  ဖွင့်လှစ်သင်ကြားခဲ့သည်။

 

+597

 

အဆိုပါသင်တန်းကို  မြန်မာရွှေ့ပြောင်းအမျိုးသမီးများအတွက်  အိမ်တွင်းမိသားစုအပိုဝင်ငွေ ရရှိစေရန်အတွက် အိမ်တွင်းမှု လက်မှုပညာသင်တန်းဖြစ်သည့် ခြင်းရက်လုပ်နည်းကို ဖွင့်လှစ်သင်ကြားစေကာ သင်တန်းနည်းပြဆရာမ ဒေါ်ကေခိုင်က သင်တန်းသူ(၂၀)ကို  လက်တွေ့သင်ကြား ပို့ချခြင်းဖြစ်သည်။

 

သင်တန်းကို နံနက်(၉)နာရီမှ ညနေ(၄)နာရီအထိ အပတ်စဉ် ကြာသာပတေး၊ သောကြာ၊ စနေ၊ တနင်္ဂနွေနေ့များတွင်  သင်ကြားပို့ချလျက်ရှိကြောင်း သိရသည်။         

 

မန်းသန်းရွှေမြင့်(ပြန်/ဆက်)