မုံရွာမြို့နယ် "ရတနာဝင်း" လယ်ယာနှင့်အထွေထွေစီးပွားရေး သမဝါယမအသင်းအား (၁၃)ကြိမ်မြောက် CEB ချေးငွေ၊ စုဆောင်းငွေပေါ်အတိုးပေးအပ်

မုံရွာ ၁၁  ဩဂုတ်

 

စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့နယ် "ရတနာဝင်း"လယ်ယာနှင့် အထွေထွေစီးပွားရေး သမဝါ ယမအသင်းအား(၁၃)ကြိမ်မြောက် CEB ချေးငွေ၊ စုဆောင်းငွေပေါ် အတိုးများကို အသင်းသား များ လက်ဝယ်အရောက် ထုတ်ပေးလျက်ရှိကြောင်း မုံရွာမြို့နယ် သမဝါယမဦးစီးဌာနမှ  ဦးစီးအရာရှိ ဦးခင်မောင်လွင် ကပြောကြားသည်။ 

 

မုံရွာမြို့နယ်အတွင်းရှိ China EXIM Bank ချေးငွေ ရယူခံစားနေသော အခြေခံသမဝါယမ အသင်းပေါင်း ၁၆၀ သင်းရှိ အသင်းသား ၁၁၆၁၆ ဦးထံသို့ ချေးငွေကာလ ၆ လအတွက် စုဆောင်း ငွေပေါ်အတိုး စုစုပေါင်း ၁၀၁ ဒသမ ၅၅၈၀၆၃ ကျပ်သန်းအား အသင်းသားများလက်ဝယ်အရောက် ထုတ်ပေးခဲ့ကြောင်း၊ မုံရွာမြို့နယ်သမဝါယမ ဦးစီးဌာနမှ သိရှိရသည်။

 

မွှေးကြူဇင်