မုဒုံမြို့နယ်ရှိ အနှေးယာဉ်လုပ်သား ၃၁၂ ဦးအတွက် သုဓမ္မသိဂီဒေါ်ဌေးဌေးဝင်း(ခ)မမော်က ဆန်နှင့်ဆီများ လှူဒါန်းပေး

မုဒုံ ၂၅ စက်တင်ဘာ

 

မုဒုံမြို့ ကောင်းလွင်ရတနာရွှေဆိုင်ပိုင်ရှင် သုဓမ္မသိင်္ဂီ ဒေါ်ဌေးဌေးဝင်း(ခ)မမော် မိသားစုမှ ဒုတိယအကြိမ်မြောက် အနှေးယာဉ်လုပ်သား ၃၁၂ ဦးတို့အား အခြေခံစားသောက်ကုန် ဆန်နှင့်ဆီ လှူဒါန်းခဲ့ကြောင်း သိရသည်။

 

အနှေးယာဉ်လုပ်သား ၃၁၂ ဦးအတွက် လိုအပ်သော အခြေခံစားသောက်ကုန်များကို အနှေးယာဉ်လုပ်သားတစ်ဦးချင်းစီသို့ ယနေ့ နံနက် ၇ နာရီက လှူဒါန်းပေးခဲ့သည်။

 

အနှေးယာဉ်လုပ်သား ၃၁၂ ဦးအတွက်တစ်ဦးလျှင်ဆန် ၆ ပြည်၊ ဆီတစ်ဘူး၊ ငွေကျပ်တစ်သောင်းနှစ်ထောင်တန်ဖိုးရှိ အခြေခံစာသောက်ကုန်များကို လှူဒါန်းပေးခဲ့ပြီး လူမှုကယ်ဆယ်ရေးအဖွဲ့မှ လိုအပ်နေသော PPE ဝတ်စုံ ၅ စုံကိုလည်း လှူဒါန်းပေးခဲ့သည်။

 

ကိုဗစ် (၁၉)ရောဂါမွန်ပြည်နယ်တွင် စတင်ဖြစ်ပွါးသည့်အချိန်မှစတင်၍ မုဒုံမြို့နယ်တွင် ပထမအကြိမ်အဖြစ် အနှေးယာဉ်လုပ်သား(၃၅၅)ဦးတို့အား အခြေခံစာသောက်ကုန်များကို လှူဒါန်းပေးခဲ့ကြောင်း သိရသည်။

 

မုဒုံမောင်မောင်