မတ္တရာမြို့နယ်၌ ဧရာဝတီမြစ်ရေဝင်ရောက်မှုကြောင့် ရွှေ့ပြောင်းနေရသည့် ကျွဲ၊ နွားများအတွက် တိရစ္ဆာန်အစာ အိတ်များ ပေးအပ်

မတ္တရာ  ၁၁   သြဂုတ်

 

မန္တလေးတိုင်းဒေသကြီး ပြင်ဦးလွင်ခရိုင် မတ္တရာမြို့နယ်တွင် မတ္တရာမြို့နယ်၌ ဧရာဝတီမြစ်ရေ ဝင်ရောက် မှုကြောင့် ရွှေပြောင်းကျွဲ၊ နွားများအတွက် တိရစ္ဆာန်အစာအိတ် ပေးအပ်ပွဲကို ယနေ့ နံနက် ၈ နာရီခွဲက မွေးမြူရေးနှင့် ကုသရေးဦးစီးဌာနရုံးတွင် ကျင်းပခဲ့သည်။

 

ရှေးဦးစွာ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးဇော်မင်းလွင်မှ အဖွင့်အမှာစကားပြောကြားပြီး မွေးမြူရေးနှင့် ကုသရေးဦးစီးဌာန  ပြင်ဦးလွင်ခရိုင်ဦးစီးမှူး ဒေါက်တာမောင်မောင်စိုးက အမှာစကား ပြောကြားခဲ့သည်။

 

ဆက်လက်၍ မြို့နယ်ဦးစီးမှူး ဒေါက်တာသန်းထွန်းဦးမှ ဧရာဝတီမြစ်ရေ ဝင်ရောက်သော ကျေးရွာများမှ ကျွဲနွားများ ပြောင်းရွှေ့ထားရှိမှု အစာထောက်ပံ့နိုင်ခြင်းအခြေအနေ များနှင့်ပတ်သက်၍ ရှင်းလင်း ပြောကြားခဲ့သည်။ ထို့နောက် မြစ်ရေဝင်ရောက်သည့် ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးနှင့် ကျေးရွာတာဝန်ခံများအား တိရစ္ဆာန်အစာများအား ထောက်ပံ့ပေးအပ်ခဲ့သည်။

 

ဧရာဝတီမြစ်ရေဝင်ရောက်မှုကြောင့် ရွှေပြောင်းကျွဲ၊ နွားများအတွက် တိရစ္ဆာန်အစာ ပေးအပ်ပွဲသို့ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးဇော်မင်းလွင်၊ မွေးမြူရေးနှင့် ကုသရေးဦးစီးဌာနမှ ခရိုင်ဦးစီးမှူး ဒေါက်တာမောင်မောင်စိုး၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးအောင်ကျော်နိုင်၊ မွေးမြူရေးနှင့် ကုသရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါက်တာသန်းထွန်းဦးနှင့် ဌာနဆိုင်ရာအကြီးအကဲများ၊ ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး နှင့် ကျေးရွာတာဝန်ခံများ တက်ရောက်ခဲ့ပြီး ကျေးရွာအုပ်စု(၁၃)အုပ်စု ကျေးရွာ(၂၁)ရွာမှ မွေးမြူသူ ဦးရေ(၃၃၈)ဦး၏ ကျွဲအကောင်ရေ(၆၀)၊ နွားအကောင်ရေ(၂၄၈၀) စုစုပေါင်းအကောင်ရေ(၂၅၄၀)အတွက် အစာအိတ် (၃၀၀)ကို ထောက်ပံ့ပေးနိုင်ခဲ့ကြောင်း သိရသည်။

 

စိုးကျော်သူထွေး(မတ္တရာ)