မြန်မာနိုင်ငံ ရေကြောင်းပညာတက္ကသိုလ် ၊ ဆိပ်ကမ်းအင်ဂျင်နီယာဘာသာရပ်မှ နောက်ဆုံးနှစ် ကျောင်းသားများအား မြန်မာအပြည်ပြည်ဆိုင်ရာ ဆိပ်ကမ်း၊ သီလဝါ ( MITT)  က ပညာသင်ဆုနှင့် သင်ကြားရေးအထောက်အကူပြု ပစ္စည်းများပေးအပ်

 

နေပြည်တော် ၂၁  စက်တင်ဘာ

 

မြန်မာအပြည်ပြည်ဆိုင်ရာဆိပ်ကမ်း (သီလဝါ) (MITT) က မြန်မာနိုင်ငံ ရေကြောင်းပညာ တက္ကသိုလ် ဆိပ်ကမ်းအင်ဂျင်နီယာဘာသာရပ်မှ နောက်ဆုံးနှစ် ကျောင်းသားကျောင်းသူများ အား ပညာသင်ဆုနှင့်သင်ကြားရေး အထောက်အကူပြုပစ္စည်းများ ပေးအပ်လှူဒါန်းပွဲကို  ယနေ့နံနက် ၁၁ နာရီခွဲတွင် အဆိုပါ တက္ကသိုလ် ပါမောက္ခချုပ်ရုံး အစည်းအဝေးခန်းမ၌ ကျင်းပသည်။

fafa

 

အခမ်းအနားသို့ ပါမောက္ခချုပ်၊ ဒုတိယပါမောက္ခချုပ်(သင်ကြား)နှင့် မြန်မာအပြည်ပြည် ဆိုင်ရာဆိပ်ကမ်း၊ သီလဝါ( MITT )မှ Administration Manager ဦးကျော်ဆွေလှ နှင့် တာဝန်ရှိ သူများ တက်ရောက်ခဲ့ကြသည်။

ရှေးဦးစွာ မြန်မာအပြည်ပြည်ဆိုင်ရာ ဆိပ်ကမ်း၊သီလဝါ( MITT )မှ Administration Manager ဦးကျော်ဆွေလှ က  MITT Scholarship နှင့် သင်ထောက်ကူ ပစ္စည်းပေးအပ် လှူဒါန်း ရခြင်းနှင့် စပ်လျဉ်း၍ ရှင်းလင်းပြောကြားခဲ့ပြီး ဆိပ်ကမ်းအင်ဂျင်နီယာဘာသာရပ် နောက်ဆုံးနှစ်မှ ထူးချွန် ကျောင်းသားကျောင်းသူ (၁၀) ဦးအတွက်  တစ်ဦးလျှင်  အမေရိကန် ဒေါ်လာ (၂၀၀)ဖြင့် စုစုပေါင်း အမေရိကန် ဒေါ်လာ ၂၀၀၀ အားလွှဲပြောင်းပေးအပ်သည်။

 

ဆက်လက်၍ တက္ကသိုလ်သို့ Cannon Laser Printer(12)လုံး အယောက် (၆၀) ဆန့် စာသင်ခန်း ()ခန်း အတွက် စားပွဲ ကုလားထိုင် Projector(1)လုံးနှင် Aircon(2)လုံး စုစုပေါင်း တန်ဖိုးငွေကျပ် (၈၃)သိန်းကျော် ပေးအပ်လှူဒါန်းသည်။

 

kjahw

 

MITT အနေဖြင့်မြန်မာနိုင်ငံ ရေကြောင်းပညာတက္ကသိုလ် ဆိပ်ကမ်းအင်ဂျင်နီယာ နောက်ဆုံးနှစ် ထူးချွန်ကျောင်းသား (၁၀)ဦး နှစ်စဥ်ရွေးချယ်ပြီး တစ်ဦးလျှင် အမေရိ ကန် ဒေါ်လာ (၁၀၀) စီ ပေးအပ်ခဲ့ရာ ၂၀၁၆ ခုနှစ်မှ စတင်၍အမေရိကန် ဒေါ်လာ (၂၀၀) အထိ တိုးမြှင့် ပေးအပ်ချီးမြှင့်ခဲ့သည်။ ထို့အပြင် ၂၀၀၇ ခုနှစ်မှ စတင်၍ ဆိပ်ကမ်းအင်ဂျင်နီယာ ကျောင်းသားများထဲမှ အထူးချွန်ဆုံး ကျောင်းသားတစ်ဦးအား MITT မိခင် ကုမ္ပဏီ ဖြစ်သော Hutchison Port Holding မှ ရွှေတံဆိပ်ဆု (Hutchison Port Holding HPH) နှင့် ငွေသားအဖြစ် အမေရိကန်ဒေါ်လာ (၁၀၀၀) ကို မြန်မာနိုင်ငံရေကြောင်း ပညာတက္ကသိုလ် ဘွဲ့နှင်းသဘင် အခမ်းအနားတွင် ပေးအပ်ချီးမြှင့်ခဲ့ရာ  ယခုနှစ်အထိ (၁၄) ကြိမ်တိုင်တိုင် ပေးအပ်ခဲ့ပြီးဖြစ် သည်။

 

မြန်မာအပြည်ပြည်ဆိုင်ရာ ဆိပ်ကမ်း၊ သီလဝါ( MITT ) အနေဖြင့်မြန်မာနိုင်ငံ ရေကြောင်း ပညာတက္ကသိုလ်သို့ ၂၀၀၂ ခုနှစ်မှ စတင်၍ သင်ထောက်ကူပစ္စည်းများအား နှစ်စဉ် ပေးအပ်လှူ ဒါန်းခဲ့ပြီး ၂၀၁၄ ခုနှစ်တွင် ရေကြောင်းသိပ္ပံပညာဌာန ရေကြောင်းစက်မှု အင်ဂျင်နီယာ ဌာနနှင့် ဆိပ်ကမ်း အင်ဂျင်နီယာဌာနများမှ ဆောင်ရွက်သည့် Project များအတွက် အမေရိကန် ဒေါ်လာ ၆၅၀၀  ကိုလည်းကောင်း၊ ၂၀၁၅ ခုနှစ်တွင် ရေကြောင်းသိပ္ပံပညာဌာန၊ မြစ်ချောင်းနှင့်ကမ်းရိုးတန်း အင်ဂျင်နီယာဌာန ဆိပ်ကမ်းအင်ဂျင် နီယာပညာဌာနများမှ ဆောင်ရွက်သည့် Project များ အတွက် အမေရိကန် ဒေါ်လာ ၅၅၀၀ ကိုလည်းကောင်း၊ ၂၀၁၆ ခုနှစ်အတွက် အမေရိကန် ဒေါ်လာ ၆၀၀၀ တန်ဖိုးရှိ သင်ကြားရေး အထောက်အကူပြု ပစ္စည်းများ အားလည်းကောင်း ၂၀၁၇ ခုနှစ်တွင် ဆိပ်ကမ်းအင်ဂျင်နီယာ ဌာနများ၏ GIS Lab များတွင် အသုံးပြုရန်အတွက် အမေရိကန် ဒေါ်လာ ၆၀၀၀ ကိုလည်းကောင်း ၂၀၁၈ ခုနှစ် ပညာသင်နှစ်တွင် အသုံးပြုရန်အတွက် အမေရိကန် ဒေါ်လာ ၆၀၀၀ တန်းဖိုးရှိ သင်ကြားရေး အထောက်အကူပြုပစ္စည်းများကိုလည်းကောင်း၊ ၂၀၁၉ ခုနှစ် ပညာသင်နှစ်အတွက် ငွေကျပ်(၈၈) သိန်းကျော် တန်ဖိုးရှိ စားပွဲများ ထိုင်ခုံ များ Projectorနှင့်  Aircon တို့အားလည်းကောင်း  ယခု ၂၀၂၀ ခုနှစ် ပညာသင်နှစ်အတွက် ငွေကျပ် (၈၃) သိန်းကျော် တန်းဖိုးရှိ စားပွဲများ ထိုင်ခုံများ Projector   Aircon  နှင့် Printer များ အား ပေးအပ်လှူဒါန်းခဲ့ကြောင်း သိရသည်။ (သတင်းစဉ်)