မင်းဘူးမြို့နယ်ရှိ ကျေးရွာ ၇ ရွာ၌ ငွေကျပ် ၁၈၂ ဒသမ ၅၉၉ သန်းဖြင့် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်

မင်းဘူး   ၁၇    ဖေဖော်ဝါရီ 

မကွေးတိုင်းဒေသကြီး မင်းဘူးခရိုင် မင်းဘူးမြို့နယ်အတွင်းရှိ ကျေးရွာ ၇ ရွာက ကျေးလက်နေ ပြည်သူများ၏ လယ်ယာထွက်ကုန်သီးနှံများ စျေးကွက်သို့ အချိန်မီတင်ပို့ရောင်းချနိုင်ရန်၊ သောက်သုံးရေလုံလောက်စွာ အသုံးပြုနိုင်ရန်အတွက် ယခုဘဏ္ဍာနှစ်တွင် ကျေးလက်ကုန်ထုတ် လမ်းတံတားလုပ်ငန်းနှင့် ရေရရှိရေးလုပ်ငန်းတို့အား ရန်ပုံငွေကျပ် ၁၈၃ ဒသမ ၅၉၉ သန်းဖြင့်  ဆောက်ရွက်ပေးလျက်ရှိကြောင်း မင်းဘူးမြို့နယ်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးအောင်ဘုန်းလင်း ထံမှ သိရသည်။

မင်းဘူးမြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက ကျေးရွာပေါင်း ၇ ရွာတွင် ၂၀၁၉-၂၀၂၀ခု ဘဏ္ဍာရေးနှစ် ခွင့်ပြုရန်ပုံငွေကျပ် ၁၀၅ ဒသမ ၀၉၂ သန်းဖြင့် ကျေးလက်ကုန်ထုတ် လမ်း ၂ လမ်း၊ Box Culvert ၁ စင်း၊ ကွန်ကရစ်တံတား ၁ စင်း၊ ရေပြွန် ၁၂ စင်းအားလည်းကောင်း၊  ရေရရှိရေးလုပ်ငန်းများအနေဖြင့် ခွင့်ပြုရန်ပုံငွေကျပ် ၇၇ ဒသမ ၅၀၇ သန်းဖြင့်  စက်ရေတွင်း တူးဖော်ခြင်းလုပ်ငန်း ၅ ခု၊ ၂၄၀၀ ဂါလန်ဆံ့ စင်မြင့်ရေစင် ၁ စင်၊ ဂါလန် ၅၀၀၀ ဆံ့ အုတ်ရေကန် ၄ ကန် နှင့် ရေက်စက်ရုံတည်ဆောက်ခြင်းလုပ်ငန်း ၅ ခုတို့အား  တင်ဒါအောင်မြင်သော ကုမ္ပဏီများမှ ဆောင်ရွက်လျက်ရှိရာ မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ တာဝန်ရှိသူများက လုပ်ငန်းများအား စံချိန်စံညွှန်းပြည့်မီစွာ သတ်မှတ်အချိန်အတွင်း လုပ်ငန်းပြီးစီးရေး ကြီးကြပ်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

အဆိုပါလုပ်ငန်းများဆောင်ရွက်ပြီးစီးပါက မင်းဘူးမြို့နယ်ရှိ  ကျေးရွာပေါင်း ၇ ရွာက ကျေးလက် ပြည်သူများ နွေရာသီကာလ သောက်သုံးရေးရှားပါးမှု ကင်းဝေးစေရန်၊ သောက်သုံးရေဖူလုံစွာ အသုံးပြုနိုင်ရန်နှင့် ကျေးလက်ကုန်ထုတ် လမ်းတံတားများအား ဖောက်လုပ်ပေးခြင်းဖြင့် ကျေးရွာမှ ထွက်ကုန်သီးနှံများအား စျေးကွက်သို့အချိန်ကုန် သက်သာစွာဖြင့် သယ်ယူပို့ဆောင်မှု လျင်မြန် လာနိုင်စေရန် အတွက်ရည်ရွယ်ပြီး ဖွံ့ဖြိုးရေးလုပ်ငန်းများအား ဆောင်ရွက်ရခြင်းဖြစ်ကြောင်း သိရသည်။

သူရိန်(မင်းဘူး)