မိုင်းဖြတ်၌ မီးဘေးသင့်ပြည်သူများအား စားသောက်ကုန်၊ အဝတ်ထည်နှင့် မီးဖိုချောင်းသုံးပစ္စည်းများလှူဒါန်း

မိုင်းဖြတ် ၂ ဧပြီ 

 

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းဖြတ်မြို့နယ် မက်မွန်ကျယ်ကျေးရွာ၌ မီးဘေးသင့်အိမ်ထောင်စု ၁၈ စုအား စားသောက်ကုန်၊ အဝတ်အထည်နှင့် မီးဖိုချောင်သုံးပစ္စည်းများကို ယနေ့ နံနက် ၁၀ နာရီခွဲက ထောက်ပံ့လှူဒါန်းခဲ့သည်။

 

0015

 

ထိုသို့လှူဒါန်းရာတွင် မြို့နယ်အုပ်ချုပ်ရေးမှူး ဦးသက်လွင်နှင့် တာဝန်ရှိသူများက မြို့နယ်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနနှင့် မြို့မိမြို့ဖများ၊ အလှူရှင်များကလှူဒါန်းသည့် မီးဖိုချောင်သုံးပစ္စည်းများ၊ အဝတ်အထည်များကို ပေးအပ်လှူဒါန်းခဲ့သည်။

 

0023

 

ထို့နောက် မြို့နယ် မိခင်နှင့်ကလေး စောင့်ရှောင်ရေးအသင်းဥက္ကဋ္ဌ ဒေါ်ဖြူဖြူထွန်းနှင့် အဖွဲ့ဝင်များက ခေါက်ဆွဲခြောက်၊ ငါးသေတ္တာ၊ ဆီ၊ ဆား၊ ဟင်းချိုမှု့န်များကို ပေးအပ်လှူဒါန်းခဲ့သည်။

 

ယင်းနောက် မြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ တာဝန်ရှိသူများက သောက်သုံးရေရှာပါးသည့် အဆိုပါကျေးရွာအတွက် ရေရရှိရေးလုပ်ငန်းများ ဆောင်ရွက်ပေးရန် ကျေးရွာလူကြီးများနှင့် တွေ့ဆုံဆွေးနွေးခဲ့ကြောင်း သိရသည်။

 

သန်းထွန်းအေး(ပြန်/ဆက်)