မိုင်လီဆိုင်းရပ်စ်နဲ့ ဒီ ဆင်ပဆင်တို့ လမ်းခွဲသွားပြီဟု သတင်းများထွက်ပေါ်

၁၅   ဩဂုတ်

အဆိုတော်မိုင်လီဆိုင်းရပ်စ်နဲ့ ချစ်သူ ကော်ဒီဆင်ပဆင်တို့ဟာ ၁၀ လကြာ ချစ်သူတွေအဖြစ် လက်တွဲခဲ့ပြီးတဲ့နောက် လမ်းခွဲသွားကြပြီဆိုတဲ့ သတင်းတွေ ပေါ်ထွက်လာပါတယ်။

သူတို့နှစ်ဦးဟာ လွန်ခဲ့တဲ့သီတင်းပတ်ကတည်းက လမ်းခွဲခဲ့ကြတာဖြစ်တယ်လို့ ပီးပဲလ် မဂ္ဂဇင်းမှာဖော်ပြခဲ့ပါတယ်။ ဒါပေမယ့် သတင်းအရင်းအမြစ်ကိုတော့ ဖော်ပြခဲ့ကြခြင်းမရှိပါဘူး။ အသက် ၂၃ နှစ် အရွယ် ကော်ဒီနဲ့ အသက် ၂၇နှစ် အရွယ် မိုင်လီဆိုင်းရပ်စ်တို့ဟာ ၂၀၁၉ အောက်တိုဘာလမှာ ချစ်ကြိုက်ခဲ့ကြပါတယ်။ မိုင်လီဆိုင်းရပ်စ်ဟာ ယခင်ကလည်း သရုပ်ဆောင်လီယံဟမ်းစေနဲ့ လက်ထပ်ခဲ့ဖူးပြီး အိမ်ထောင်သက်တမ်းဟာ တစ်နှစ်တောင် ကောင်းကောင်း၊ မပြည့်ခဲ့ပါဘူး။

၂၀၁၉ ဩဂုတ်လမှာ လမ်းခွဲခဲ့ကြပါတယ်။ ကော်ဒီဆင်ပဆင်ကတော့ စူပါမော်ဒယ် ဂီဂီဟာ့ဒစ်နဲ့ တစ်ချိန်က ချစ်ကြိုက်ခဲ့ဖူးပါတယ်။ မိုင်လီရဲ့ သီချင်းသစ်ဖြစ်တဲ့ Midnight Sky နမူနာ မထွက်မီမှာပဲ မိုင်လီနဲ့ ကော်ဒီတို့လမ်းခွဲခဲ့ကြခြင်းဖြစ်တယ်လို့ ပဲလ်မဂ္ဂဇင်းမှာ ဖော်ပြခဲ့ပါတယ်။ ဒါပေမယ့်လည်း ကော်ဒီနဲ့ မိုင်လီတိုရဲ့ ကိုယ်စားလှယ်တွေကတော့ သူတို့နှစ်ဦး တကယ်လမ်းခွဲ သွားခြင်း ရှိ မရှိကို အတည်ပြုပြောကြားခဲ့ခြင်း မရှိပါဘူး။

ဖော့ခ်နယူးစ်