မိတ္ထီလာ၌ အလုပ်အကိုင်အခွင့်အလမ်းများရရှိစေရန်  စက်ချုပ်နည်းပညာ အခြေခံနှင့် အဆင့်မြှင့်သင်တန်း(အခမဲ့) ဖွင့်လှစ်သင်ကြားပေး

မိတ္ထိလာ  ၁၇  ဖေဖော်ဝါရီ

 

မိတ္ထီလာမြို့နယ် ရက်ကန်းနှင့် အသက်မွေးပညာသင်တန်းကျောင်း(မိတ္ထီလာ)မှ အလုပ်အကိုင် အခွင့်အလှမ်းများရရှိစေရန် စက်ချုပ်နည်းပညာ အခြေခံနှင့် အဆင့်မြှင့် သင်တန်းကို ဖေဖော်ဝါရီလ ၁၇ ရက်နေ့ နံနက် ၁၀ နာရီအချိန်က အဆိုပါ သင်တန်းကျောင်းတွင် ဖွင့်လှစ်သင်ကြားပေးခဲ့ကြောင်း သိရသည်။

 

‌ေိိျ

 

“ရက်ကန်းနှင့် အသေးမွေးပညာသင်တန်းကျောင်း(မိတ္ထီလာ)မှ ပုံမှန်သင်တန်းများအပြင် ကာလတို အသက်မွေးပညာသင်တန်းများ ဖွင့်လှစ်၍ နည်းပညာများ ဖြန့်ဝေပေးလျက်ရှိပါကြောင်း၊ ကျောင်းမှ ဖွင့်လှစ်ပို့လှစ်ပို့ချသည့် အသက်မွေးဝမ်းကျောင်းဆိုင်ရာ ပညာရပ်များမှ တစ်ခုအပါအဝင်ဖြစ်သော စက်ချုပ် နည်းပညာသင်တန်းသည် အမျိုးသမီးများအတွက် အလုပ်အကိုင်အခွင့်အလမ်းများရရှိသော သင်တန်းဖြစ်၍  အမျိုးသမီးငယ်လေးများ အဆင့်မြှင့် စက်ချုပ်နည်းပညာရပ်များ တိုးတက်ကျွမ်းကျင်ပြီး တစ်ပိုင်တစ်နိုင် လုပ်ငန်းငယ်များ ထူထောင်၍ မိသားစုဝင်ငွေတိုးပွားလာ၍ လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်ရေးတို့အတွက် စက်ချုပ်နည်းပညာ အခြေခံနှင့် အဆင့်မြှင့်သင်တန်းကို အခမဲ့ဖွင့်လှစ်ပို့ချခြင်းဖြစ်ကြောင်း ” ရက်ကန်းနှင့် အသက်မွေးပညာသင်တန်းကျောင်း(မိတ္ထီလာ)မှ ကျောင်းအုပ်ဆရာကြီး ဦးသာဝက   ပြောကြားခဲ့သည်။

 

ထို့နောက် စက်ချုပ်နည်းပညာသင်တန်းမှ လက်ထောက်အင်ဂျင်နီယာ ဒေါ်မြင့်မြင့်ခိုင်က ပြောကြားရာတွင် ယခု စက်ချုပ်နည်းပညာသင်တန်းတွင် တက်ရောက်သည့် သင်တန်းသူများမှာ ယခင်ဖွင့်လှစ်သည့် အခြေခံစက်ချုပ်နည်းပညာသင်တန်းကို တက်ရောက်ပြီးသူများဖြစ်၍ အခြေခံသင်တန်း တက်ရောက်ပြီးသူများအား စင်တီမီတာဖြင့်ချုပ်သည့် အဆင့်မြှင့်နည်းပညာရပ်များကို ဆက်လက် ပို့ချ ခြင်းဖြစ်ကြောင်း၊ ယခုအချိန်တွင် ခေတ်မီတိုးတက်လာပြီးဖြစ်၍ အခြေခံစက်ချုပ်နည်းပညာရပ်များ တက်မြောက်ပြီးသူများအား စင်တီမီတာဖြင့် ဒီဇိုင်းအမျိုးမျိုး ချုပ်တက်အောင်   အဆင့်မြှင့်နည်းပညာ သင်တန်းကို ဖွင့်လှစ်ပို့ချခြင်းဖြစ်ကြောင်း ပြောကြားခဲ့သည်။

 

အဆိုပါသင်တန်းကို မိတ္ထီလာမြို့နယ်အတွင်းရှိ ရပ်ကွက်နှင့်ကျေးရွာများမှ အမျိုးသမီး (၂၀)ဦး တက်ရောက်ခဲ့ပြီး သင်တန်းကို ဖေဖော်ဝါရီလ ၁၇ ရက်နေ့မှ ဧပြီလ ၁  ရက်နေ့အထိ စာတွေ့လက်တွေ့ သင်ကြားပို့ချပေးသွားမည်ဖြစ်ကြောင်း သိရသည်။

 

သိန်းမြင့်ကျော်(မိတ္ထီလာ)