မိဘမေတ္တာဖွဲ့ "အမျှ အမျှ" ရုပ်ရှင်ကားကြီး ရုံတင်ပြသလျက်ရှိ

၁၂ အောက်တိုဘာ

 

မိဘမေတ္တာဖွဲ့ ဇာတ်ကားအမျိုးအစားဖြစ်သော်လည်း မကျွတ်မလွတ်ဘဲ အစွဲအလမ်းကြီးသူများ အကြောင်းကိုလည်း ပညာပေးရိုက်ကူးထားသည့် အမျှ အမျှ ရုပ်ရှင်ဇာတ်ကားကို R Square Group မှ ထုတ်လုပ်ရိုက်ကူးပြီး အောက်တိုဘာ ၃ ရက်မှ စတင်ပြသလျက်ရှိသည်။ မောင်မြင့်ဆွေ၏ ဇာတ်လမ်းကို ဒါရိုက်တာ စတီး(ဒွေးမေတ္တာ) ရိုက်ကူးထားပြီး ခန့်စည်သူ၊ အိန္ဒြာကျော်ဇင်၊ လင်းဇာနည်ဇော်၊ ကလေးသရုပ်ဆောင် ချစ်စနိုးနှင့် ယွန်းမေတို့ ပါဝင်သရုပ်ဆောင်ထားသည့် ထိုဇာတ်လမ်း ရိုက်ကူးစဉ်က အမှတ်တရများကို ဒါရိုက်တာနှင့် သရုပ်ဆောင်များက ယခုလို ပြန်ပြောပြခဲ့သည်။

 

ဒါရိုက်တာ စတီး

အမျှအမျှ ဇာတ်ကားက ကျွန်တော် ကြိုးစားထားတာ အများကြီးပါပဲ၊ ဒီကားကို စရိုက်ကတည်းက ကလေးသရုပ်ဆောင်တွေကို ရိုက်တဲ့အခန်းမှာ တော်တော်ကြိုးစားရပါတယ်၊ ရိုက်ချင်တာကို သူတို့ကို အကြိမ်ကြိမ် ရှင်းပြရတယ်၊ ပြီးတော့ ပုံပြင်ပြောသလို ပြောပြရတယ်၊ ကလေးတွေရဲ့ အမူအရာနဲ့ ကာရိုက်တာပိုင်းက မတူကြဘူးလေ၊ တစ်ယောက်က အငြိမ်၊ တစ်ယောက်က အလှုပ်ဆိုတော့ မနည်းရိုက်ခဲ့ရတယ်။
 

ခန့်စည်သူ
ပြောရရင်တော့ လူတွေရဲ့ အစွဲအလမ်းကြောင့် မကျွတ်မလွတ်ဘဲ သားသမီး အပေါ်ထားတဲ့ သံယောဇဉ်တွေကြောင့် မကျွတ်မလွတ်တဲ့ဘဝနဲ့ နေနေရတဲ့ အကြောင်းလေးကို အခြေခံပြီး ရိုက်ကူးထားတာပါ၊ ကျွန်တော့်အခန်းက သိပ်မများပေမယ့် ပါဝင်ခွင့်ရသလောက် ကြိုးစားထားပါတယ်၊ မိဘတွေက ကိုယ့်သားသမီးကို တော်စေချင်၊ တတ်စေချင်တဲ့ မေတ္တာကို အခြေခံထားတဲ့ကား ဖြစ်ပါတယ်၊ ဒီကားနဲ့ပတ်သက်ပြီး အမှတ်တရတွေတော့ ရှိခဲ့ပါတယ်၊ ရိုက်ကူးမှု လုပ်တဲ့အခါမှာ အသံဗလံလေးတွေ ရုတ်တရက် ကြားရတာမျိုးတွေပေါ့နော်၊ ပြီးတော့ လူသူဝေးတဲ့နေရာမျိုးမှာ ညဘက် ရိုက်ကူးရတာဆိုတော့ နည်းနည်းတော့ စိတ်လှုပ်ရှားခဲ့ရတာမျိုး ရှိပါတယ်။

 

အိန္ဒြာကျော်ဇင်

ဇာတ်ကားလေးကတော့ ဘဝမှာ ကံကောင်းတဲ့သူတွေဆိုတာ ပျော်ရွှင်ကြည်နူး စိတ်ချမ်းမြေ့စရာကောင်းတဲ့ မိသားစုလေးကို ပိုင်ဆိုင်နိုင်တဲ့သူတွေပဲဆိုတာ ပြထားပါတယ်၊ ဒါပေမယ့် ဒီကားလေးထဲက ဒေါ်မိုးမခ၊ ဦးနွေဦး၊ သမီး ဆောင်းဟေမန်နဲ့ စနိုးတို့ကတော့ ဒီလိုပိုင်ဆိုင်မှုမျိုးကို မရဘူးပေါ့နော်၊ ကိုယ်ကလည်း မိခင်တစ်ယောက်ဖြစ်တော့ ဒီကားကိုကြည့်ပြီး မိခင်တွေအားလုံး ကိုယ့်ရဲ့ သားသမီးတွေအပေါ် နားလည်မှုလေးတွေပေးနိုင်မယ်လို့ ထင်တယ်၊ ဇာတ်ကား ရိုက်တုန်းက နည်းနည်း စိတ်လှုပ်ရှားဖို့ကောင်းတာတော့ အမှန်ပဲ၊ ရိုက်ရတာ ညဘက်က ပိုများပြီး အိမ်ကလည်း နည်းနည်းကျယ်တယ်ဆိုတော့ တိတ်ဆိတ်တဲ့ အချိန်ဆို စိတ်က လှုပ်လှုပ်ရှားရှားဖြစ်ခဲ့ရတာ အမှန်ပါပဲ။

 

ကိုလင်း