မေလလယ်လောက်မှစ၍ မုတ်သုံဝင်တော့မည်ဟု ဆိုသည်။ မေလဆန်းကပင် မိုးသံလေသံကြားနေရ၏။ မကြာသေးမီကပင် မိုးရောလေနှင်၊ လျှပ်စီးတဝင့်ဝင့်နှင့် မိုးရွာချလေပြီ။ အညာဒေသများတွင်ပါ သည်းကြီးမဲကြီးရွာလေတော့၏။ အချို့အရပ်တွင် လေပြင်းများတိုက်၍ အိမ်အများအပြား ပျက်စီးကြလေသည်။ ပူလောင်လွန်းလှသည့်န