လွန်ခဲ့သော ဆယ်စုနှစ် နှစ်ခုအတွင်း ကမ္ဘာပေါ်တွင်ဖြစ်ပွားခဲ့သည့် ကိုရိုနာဗိုင်းရပ်စ် ရောဂါပိုးများနှင့် ကိုဗစ်-၁၉

သီဟ (ဆေး-၁)

 

ယနေ့ကမ္ဘာပေါ်ရှိ နေ့စဉ်သတင်းတွေမှာ မဖြစ်မနေ စောင့်ကြည့်နေရတာကတော့ ကိုဗစ်- ၁၉ လို့ခေါ်တဲ့ ကိုရိုနာဗိုင်းရပ်စ်ရောဂါအကြောင်းပဲ ဖြစ်ပါတယ်။ တရုတ်နိုင်ငံ ဂူဟန်မြို့ကနေ စတင်ဖြစ်ပွားခဲ့တဲ့ ဒီရောဂါ ပိုးဟာပြီးခဲ့တဲ့ မတ်၁၁ရက်မှာ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကြီးက "ကမ္ဘာအနှံ့ဖြစ်ပွားသောကပ်ရောဂါ-Pandemic Disease" အဖြစ် ကြေညာခဲ့ရသည်အထိ အခြေအနေဖြစ်ခဲ့ရပါတယ်။ ဒါဟာ ၂၀၀၉ ခုနှစ်မှာဖြစ်ခဲ့တဲ့ H1N1 ဝက်တုပ်ကွေးရောဂါကို ကမ္ဘာအနှံ့ဖြစ်ပွားသော ကပ်ရောဂါအဖြစ် ကြေညာပြီး နောက်ပိုင်း ၁၀ နှစ် အကြာမှာဖြစ်တဲ့ Pandemic Disease အသစ် ဖြစ်ပါတယ်။ ဒီနေရာမှာ "ကမ္ဘာအနှံ့ဖြစ်ပွားသော ကပ်ရောဂါ - Pandemic Disease" ဆိုတဲ့အသုံးအနှုန်းနဲ့ပတ်သက်ပြီး အနည်းငယ်ရှင်းပြလိုပါတယ်။

 

"ကမ္ဘာအနှံ့ဖြစ်ပွားသော ကပ်ရောဂါ - Pandemic Disease" ဆိုသည်မှာ

ကမ္ဘာရဲ့ နေရာဒေသတစ်ခုမှာ ရောဂါတစ်ခုဖြစ်ပွားသူတွေ တစ်ချိန်တည်း ရုတ်တရက်တိုးပွားလာခြင်းကို Epidemic Disease လို့ခေါ်ပါတယ်။ အခု ကိုဗစ်- ၁၉ ရောဂါဟာ တရုတ်နိုင်ငံမှာ Epidemic Disease အဖြစ် စတင်ဖြစ်ပွားခဲ့ပြီး ကမ္ဘာ့နိုင်ငံအနှံ့ကို ပျံ့နှံ့ရောက်ရှိ သွားတာဖြစ်လို့ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကြီးက "ကမ္ဘာ အနှံ့ဖြစ်ပွားသောကပ်ရောဂါ - Pandemic Disease" အဖြစ် ကြေညာခဲ့ခြင်းဖြစ်ပါတယ်။ လတ်တလော ကမ္ဘာ ပေါ်မှာ Pandemic Disease ဖြစ်ပြီး လက်ရှိဖြစ်နေဆဲ ရောဂါက ကိုဗစ်- ၁၉ တစ်ခုတည်း မဟုတ်ပါဘူး။ HIV/ AIDS ရောဂါသည်လည်း ကမ္ဘာ့ကျန်းမာရေး အဖွဲ့ကြီးက Pandemic Disease အဖြစ် သတ်မှတ်ထားပြီး လက်ရှိ ကမ္ဘာ့နိုင်ငံအနှံ့မှာ ဖြစ်ပွားနေဆဲပါ။ ကွာခြားမှုက HIV/ AIDS ရောဂါသည် ရောဂါပိုးရှိသူများပြားသော်လည်း ရုတ်တရက် အသက်ဆုံးရှုံးနိုင်ခြေနည်းကာ ကိုဗစ်- ၁၉ ရောဂါကတော့ အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါလက္ခဏာများနဲ့ ရုတ်တရက် အသက်ဆုံးရှုံးနိုင်တာဖြစ်လို့ လူအများ သတိထားမိလောက်အောင် အရေးတကြီး ဖြစ်လာခဲ့တာဖြစ်ပါတယ်။

 

ကမ္ဘာပေါ်ဖြစ်ပွားခဲ့သော ကိုရိုနာဗိုင်းရပ်စ်ရောဂါပိုးများ

ကမ္ဘာပေါ်မှာ ကိုရိုနာဗိုင်းရပ်စ်ရောဂါပိုးကြောင့် လူတွေအသက်ဆုံးရှုံးရတာ အခုမှမဟုတ်ပါဘူး။ လွန်ခဲ့သော ဆယ်စုနှစ်နှစ်ခုအတွင်း ကမ္ဘာပေါ်ရှိ လူအများကို အကြီးအကျယ်ရောဂါဖြစ်စေခဲ့တဲ့ ကိုရိုနာဗိုင်းရပ်စ်ရောဂါ ပိုးသုံးမျိုး ရှိပါတယ်။

 

၂၀၀၂-၂၀၀၃ ခုနှစ်မှာ ဖြစ်ပွားခဲ့တဲ့ SARS ရောဂါဟာ တရုတ်နိုင်ငံ ဂွမ်ဒေါင်းပြည်နယ်မှာ စတင်ခဲ့ပြီး အရှေ့တောင် အာရှနိုင်ငံများ၊ မြောက်အမေရိက၊ ဥရောပနဲ့ တောင်အာဖရိကရှိ နိုင်ငံတွေကို ပျံ့နှံ့ခဲ့ပါတယ်။ လူပေါင်း ၈၀၀၀ ကျော် ကူးစက်ခံခဲ့ရကာ လူပေါင်း ၇၇ဝ နီးပါးကို သေစေခဲ့ပါတယ်။ ဒါကြောင့် သေဆုံးမှုအနေနဲ့ လူ ၁ဝဝ မှာ ၁၀ ယောက်နီးပါး (Case Fatality Rate9.5%) ရှိခဲ့ပါတယ်။ အဲဒီရောဂါပိုးဟာ ရုတ်တရက် ပြင်းထန်အသက်ရှူလမ်းကြောင်း ရောဂါဖြစ်စေသော ကိုရိုနာဗိုင်းရပ်စ်ပိုးဖြစ်တဲ့အတွက် SARS-CoV (Severe Acute Respiratory Syndrome-Corona Virus) og အမည်ပေးခဲ့ပါတယ်။ လူအများကတော့ "ဆားစ်ရောဂါ" လို့ သိခဲ့ကြပါတယ်။

 

နောက် ကိုးနှစ်အကြာ ၂၀၁၂ ခုနှစ် အရှေ့အလယ် ပိုင်းဒေသမှာ ကုလားအုတ်များကတစ်ဆင့် ကူးစက်တယ်လို့ဆိုတဲ့ MERS ရောဂါဟာလည်း ကိုရိုနာဗိုင်းရပ်စ်ရောဂါ ပိုးကြောင့်ပဲ ဖြစ်ပါတယ်။ အရှေ့အလယ်ပိုင်းဒေသ တော်တော်များများ မှာဖြစ်ခဲ့လို့ အဲဒီ ကိုရိုနာဗိုင်းရပ်စ် sopolęza MERS-CoV (Middle East Respiratory Syndrome -Corona Virus) လို့ အမည်ပေးခဲ့ပါတယ်။ ဥရောပနဲ့ အာရှနိုင်ငံအချို့ကို ကူးစက်ပျံ့နှံ့ခဲ့ပါတယ်။ ရောဂါဖြစ်ပွားသူ ၈၀ ရာခိုင်နှုန်းခန့်မှာ ဆော်ဒီအာရေဗျနိုင်ငံက ဖြစ်ပါတယ်။ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကြီး အဆိုအရ MERS ရောဂါ "မားစ်ရောဂါ"ဟာ လက်ရှိ ဖြစ်နေဆဲဖြစ်ပြီး အရှေ့အလယ်ပိုင်းဒေသပြင်ပမှာ ဖြစ်ပွားမှုနည်းကြောင်း သိရပါတယ်။ MERS ရောဂါကတော့ SARS ရောဂါထက် သေဆုံးနှုန်း (Case Fatality Rate) ပိုများပြီး ရောဂါဖြစ်ပွားသူ ၁၀၀ မှာ ၃၅ ဦး နီးပါး သေဆုံးခဲ့ပါတယ်။

 

ယခုလက်ရှိဖြစ်ပွားနေတဲ့ ကိုဗစ်-၁၉ ရောဂါကတော့ ထူးထူးခြားခြားပဲ "ကမ္ဘာအနှံ့ဖြစ်ပွားသော ကပ်ရောဂါ- Pandemic Disease" selge clopèqon voowa: ကိုရိုနာဗိုင်းရပ်စ်ရောဂါပိုး ဖြစ်ပါတယ်။ ဒီရောဂါပိုးကိုတော့ SARS-CoV-2(Severe Acute Respiratory SyndromeCorona Virus 2)လို့ အမည်ပေးထားပါတယ်။ ၂၀၁၉ ခုနှစ် နှစ်ကုန်ပိုင်းကစလို့ တရုတ်နိုင်ငံ ဂူဟန်မြို့မှာစဖြစ်ခဲ့ပြီး ယခု ကမ္ဘာ့နိုင်ငံပေါင်းများစွာကို ကူးစက်ပျံ့နှံ့နေပြီဖြစ်လို့ ကမ္ဘာ့နိုင်ငံအသီးသီးက ကာကွယ်ရေး၊ ကုသရေးတွေကို အရှိန်အဟုန်နဲ့ ဆောင်ရွက်နေကြပါပြီ။ ယခုတင်ပြချင်တာကတော့ ဒီ SARS-Cov-2 နဲ့ပတ်သက်တဲ့ ထူးခြားမှုများနဲ့ အရင်ကဖြစ်ခဲ့တဲ့ ကိုရိုနာဗိုင်းရပ်စ်ရောဂါပိုးတွေနဲ့ ကွာခြားချက်လေးတွေကို လေ့လာမိသလောက် ပြောပြချင်တာပါ။

 

ရောဂါပိုးကူးစက်မှုညွှန်းကိန်း (Reproduction Number-Ro)

နိုင်ငံတကာက သိပ္ပံပညာရှင်တွေဟာ ကူးစက်ရောဂါ တစ်ခုရဲ့ ရောဂါကူးစက်ပျံ့နှံ့မှုကို လေ့လာကြတဲ့အခါ Reproduction Number-Ro 3299:G9losofi "အာ-နောက်" လို့ အသံထွက်ရပါတယ်။ မြန်မာလို အနီးစပ်ဆုံး " ရောဂါပိုး ကူးစက်မှုညွှန်းကိန်း"လို့ ဘာသာပြန်နိုင်မယ် ထင်ပါတယ်။ ဆိုလိုရင်းကတော့ ရောဂါရှိသူတစ်ဦးက တစ်ဆင့် လူဘယ်လောက်ကိုထပ်မံကူးစက်နိုင်ခြေရှိသလဲကို တွက်ချက်တာဖြစ်ပါတယ်။ ဥပမာအနေနဲ့ပြောရရင် ဝက်သက် ရောဂါပိုး Ro-၁၆ ရှိတဲ့အတွက် ဝက်သက်ရောဂါရှိသူတစ်ဦးဟာ ဝက်သက်ရောဂါကာကွယ်ဆေး မထိုးထားသူ ၁၆ ဦးခန့်ကို ရောဂါဖြန့်နိုင်စွမ်းရှိပါတယ်။

 

အခုဖြစ်ပွားခဲ့တဲ့ ဖြစ်ပွားနေဆဲ ကိုရိုနာဗိုင်းရပ်စ် ရောဂါပိုးတွေကို လေ့လာကြည့်တဲ့အခါ "ဆားစ်ရောဂါ"၏ Ro သည် ၄ (SARS-CoV Ro=4)နဲ့ "မားစ်ရောဂါ" က Ro ၁ (MERS-CoV Ro=1) ပါ။ ယခုဖြစ်နေတဲ့ ကိုဗစ်- ၁၉ ကတော့ Ro=2-3.5 ဖြစ်ပါတယ်။ ဆိုလိုတာက ကိုဗစ်- ၁၉ ရောဂါရှိသူတစ်ဦးဟာ နောက်ထပ် လူ နှစ်ဦးကနေ သုံးဦးအထိ ကူးစက်စေနိုင်တာ ဖြစ်ပါတယ်။ ဒါဆိုရင် အရင်ကိုရိုနာဗိုင်းရပ်စ်ရောဂါပိုးတွေနဲ့ "ရောဂါပိုးကူးစက်မှု ညွှန်းကိန်း" သိသိသာသာမကွဲတဲ့အပြင် "ဆားစ်ရောဂါ" ထက်ပင်ကူးစက်မှုနှုန်းက နှေးနေသေးတယ်လို့ ဆိုရပါမယ်။

 

ကိုဗစ်- ၁၉ ရောဂါ၏ လက်ရှိအခြေအနေ

ကိုဗစ်- ၁၉ ရောဂါကြောင့် သေဆုံးနှုန်း (Case Fatality Rate) ကို လေ့လာကြည့်မယ်ဆိုရင် မတ်လ ၁၉ ရက်နေ့ နံနက်ပိုင်းအထိ ရောဂါဖြစ်ပွားသူ နှစ်သိန်း DOGODĖGM (COVID-19 Confirmed Cases=219365) 9. 63va:37:600 &:01: (Deaths due to COVID-19= | 8970) ရှိတာမို့ Case Fatality Rate သည် လေးရာခိုင်နှုန်း နီးပါးဖြစ်ပါတယ်။ ရောဂါပိုးကူးစက်ခံရသူ လူ ၁၀၀ မှာ သေဆုံးသူ လေးဦးရှိနေပါတယ်။ ဒါဟာလည်း အရင် ကိုရိုနာဗိုင်းရပ်စ် ရောဂါပိုး တွေထက် အများကြီးနည်းတယ် ဆိုရပါမယ်။ ရောဂါကူးစက်ခံရပြီး ပြန်လည်ပျောက်ကင်းသွားသူတွေအနေနဲ့ ရှစ်သောင်းခွဲကျော် (covID -19 Recovered Cases = 85749) ရှိတဲ့အတွက် ၄၀ ရာခိုင်နှုန်း နီးပါး ရောဂါပျောက်ကင်း သွားပြီ ဖြစ်ပါတယ်။

 

ကိုဗစ်- ၁၉ ရောဂါဖြစ်ပွားသူတွေကို လေ့လာကြည့်မယ်ဆိုရင် လက်ရှိဖြစ်ပွားနေသူတွေအနက် ငါးရာခိုင်နှုန်းနီးပါးက အလွန်စိုးရိမ်ရတဲ့ အခြေအနေမှာ ရှိနေပါတယ်။ ကျန် ၉၅ ရာခိုင်နှုန်းကတော့ သာမန်အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါအဆင့်မှာပဲ ရှိပါတယ်။ ဒါကြောင့် ခြုံငုံလေ့လာရရင် ကိုဗစ်- ၁၉ ရောဂါသည် ကူးစက်မှုနှုန်းအရ အလွန်အမင်း မမြင့်သလို သေဆုံး နှုန်းလည်းနည်းတဲ့ ရောဂါတစ်ခုလို့ ဆိုရပါမယ်။

 

ဘာလို့ ကိုဗစ်- ၁၉ ရောဂါသည် ဒီလောက်အလျင်အမြန် ပျံ့နှံ့သွားရတာလဲ

ကိုဗစ်-၁၉ ရောဂါဟာ အရင် ကိုရိုနာဗိုင်းရပ်စ်ရောဂါ ပိုးတွေနဲ့ယှဉ်ရင် သေဆုံးနှုန်းလည်းမများ “ရောဂါပိုးကူးစက်မှု ညွှန်းကိန်း”လည်း သိသိသာသာမကွာပေမယ့် ဘာလို့ ဒီလောက်အလျင်အမြန် ပျံ့နှံ့သွားရတာလဲဆိုတာ စိတ်ဝင်စားဖို့ ကောင်းပြီး မေးသင့်တဲ့မေးခွန်းတစ်ခုပါ။

 

ဒါကိုသိပ္ပံပညာရှင်တွေကလည်း အဖြေရှာကြပါတယ်။ သုတေသနပညာရှင်တွေ အဆိုအရ စတင်ဖြစ်ပွားရာ တရုတ် နိုင်ငံ၏ ပြင်ပကို ရောက်သွားသော ရောဂါလက္ခဏာမပြသေးတဲ့ ရောဂါပိုးရှိသူတွေကို သေချာစနစ်တကျ မထိန်းချုပ် နိုင်ခဲ့ခြင်းသည် အဓိကဖြစ်တယ်လို့ ဆိုပါတယ်။ ရောဂါစတင်ဖြစ်ပွားရာ တရုတ်နိုင်ငံ ဟူပေပြည်နယ် ဝူဟန်မြို့၏ အဝင်၊ အထွက်ကို ဇန်နဝါရီလ၂၃ ရက်နေ့မှာလုံးဝပိတ်လိုက်ပါတယ်။ Lockdown လုပ်လိုက်တယ်လို့ သုံးပါတယ်။ “ဂူဟန် လောက်ဒေါင်း” လို့ သတင်းတော်တော်များများမှာ ပြောကြပါတယ်။ တရုတ်နှစ်သစ်ကူးပွဲတော် မကျင်းပခင် နှစ်ရက်ခန့် အလိုဖြစ်တာကြောင့် အချိန်မီလေးလို့တောင် ဆိုရမှာပါ။ WHO က ဒီလို Lockdown လုပ်ခြင်းသည် ပြည်သူ့ကျန်းမာရေး သမိုင်းမှာ မကြုံစဖူးဖြစ်စဉ်တစ်ခုလို့ မှတ်ချက်ပြုပါတယ်။ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကြီးက ဒီလိုလုပ်ပါလို့ ထောက်ခံခြင်း မရှိကြောင်းလည်း တရုတ်နိုင်ငံ WHO ကိုယ်စားလှယ်က မှတ်ချက်ပြုခဲ့ပါတယ်။

 

စာရေးသူတစ်ဦးတည်းရဲ့ အမြင်ကို ပြောရရင် WHO တာဝန်ရှိသူတွေအနေနဲ့ ကနဦးမှာ ကိုဗစ်- ၁၉ ကို အခုလောက်ထိ ဖြစ်လာနိုင်မယ်လို့ ယူဆခဲ့ဟန် မတူပါ။ ဒါပေမယ့် အခြေအနေတွေက ရပ်တန့်မသွားဘဲ ပိုပိုပြီး ကူးစက်မှုများ လာခြင်းကြောင့် ဇန်နဝါရီ ၃၀ ရက်မှာ WHO ကကိုဗစ်-၁၉သည် “ကမ္ဘာလုံးဆိုင်ရာ ပြည်သူ့ကျန်းမာရေး အရေးပေါ်အခြေအနေ (Public Health Emergency of International Concern-PHEIC) ဖြစ်ကြောင်း ကြေညာ ခဲ့ပါတယ်။ နောက်ဆုံးတော့ မတ် ၁၁ ရက်မှာ “ကမ္ဘာအနှံ့ဖြစ်ပွားသော ကပ်ရောဂါ Pandemic Disease” အဖြစ် ကြေညာခဲ့ရသည်အထိ အခြေအနေဖြစ်ခဲ့ရပါတယ်။

 

သုတေသနပညာရှင်တွေက “ဝူဟန်လောက်ဒေါင်း” မတိုင်ခင်နဲ့ “ဂူဟန်လောက်ဒေါင်း” လုပ်ပြီး အခြေအနေတွေကို လေ့လာခဲ့ကြပါတယ်။ အမေရိကန်နိုင်ငံကိုလံဘီယာ တက္ကသိုလ်မေးလ်မန်း ပြည်သူ့ကျန်းမာရေးကျောင်းက (Columbia University's Mailman School of Public | Health) တွေ့ရှိချက်တွေကို ထုတ်ပြန်ခဲ့ပါတယ်။ နိုင်ငံအနှံ့ရောဂါပိုး ကူးစက်ခံရသူတွေရဲ့ ၈၆ ရာခိုင်နှုန်းဟာ ဖြစ်ပွားသည်အထိ တောင်တွေလုပ်ပြီး “ဂူဟန် လောက်ဒေါင်း” မတိုင်ခင်မှာ မှတ်တမ်းမယူနိုင်ခဲ့တဲ့ ရောဂါလက္ခဏာမပြသေးတဲ့ ရောဂါပိုးရှိသူတွေဖြစ်နေကြောင်း တွေ့ရှိခဲ့ရပါတယ်။ ဒါကြောင့် ဒီ ကိုဗစ်- ၁၉ ရောဂါမှာ “ကိုယ်ရောင်ဖျောက်ကူးစက်ပျံ့နှံ့မှု” (Stealth Transmissions) ရှိနေကြောင်း သက်သေပြခဲ့ကြ ပါတယ်။ ရောဂါလက္ခဏာ မပြသေးတဲ့ရောဂါပိုးရှိသူတွေ နေရာအနှံ့သွားလာနေခြင်းသည် “ကိုယ်ယောင်ဖျောက် ကူးစက်ပျံ့နှံ့မှု”ကို ပိုမိုဖြစ်စေပြီး ဒီရောဂါကို ထိန်းချုပ်နိုင်ဖို့အတွက်စိန်ခေါ်မှုတစ်ရပ် ဖြစ်နေပါတယ်။ တရုတ်နိုင်ငံ အစိုးရရဲ့ ဆောလျင်စွာ အဝင်၊ အထွက်ပိတ်ခြင်း၊ ခရီးသွားလာမှုကို ကန့်သတ် ခြင်းတွေဟာ ရောဂါကို ထိန်းချုပ်ရေးမှာ အလွန် ထိရောက်ကြောင်း တွေ့မြင်နေရပြီ ဖြစ်ပါတယ်။ သို့သော် ကိုဗစ်- ၁၉ ရောဂါကူးစက်မှုကို အပြီးတိုင် တားဆီး နိုင်ပါ့မလားဆိုတာကတော့ မသေချာသေးတဲ့ | အခြေအနေဖြစ်ကြောင်း သုတေသနပညာရှင်တွေက သုံးသပ်ပါတယ်။

 

ကိုဗစ်- ၁၉ ရောဂါကြောင့် သေဆုံးသူတွေမှာ အသက်ဆုံးရှုံးသည်အထိ ဖြစ်ရတဲ့အကြောင်းရင်းများ

သုတေသနပညာရှင်တွေ၊ ဆေးပညာရှင်တွေက ကိုဗစ်-၁၉ ရောဂါကြောင့်သေဆုံးသူတွေကို ဘာကြောင့် သေဆုံးကြရလဲ ဆိုတာကို လေ့လာကြပါတယ်။ ထင်သာတဲ့ တွေ့ရှိချက်အနေနဲ့ အသက်အရွယ်ကြီးသူများ ( အထူးသဖြင့် အသက် ၆၅ နှစ်အထက်မှာ သေဆုံးနှုန်း သိသိသာသာများကြောင်း တွေ့ရပါတယ်။ သေဆုံးသူတွေရဲ့ ၆၃ ရာခိုင်နှုန်းမှာ နဂိုရောဂါအခံ ရှိသူများဖြစ်ကြောင်း၊ အများစုသည် နှလုံးရောဂါအခံရှိသူများ ဖြစ်ကြပါတယ်။ ထပ်မံလေ့လာတွေ့ရှိချက်များအနေနဲ့ သေဆုံးသူ ထက်ဝက်ကျော် ၅၃ ရာခိုင်နှုန်းဟာ ရုတ်တရက် အဆုတ်အလုပ်မလုပ်တော့ခြင်း (Respiratory Failure) ကြောင့် သေဆုံးရပြီး ခုနစ်ရာခိုင်နှုန်းခန့်တွင် ပြင်းထန်နှလုံးကြွက်သားရောင်ရမ်းခြင်း (Fulminant Myocarditis) ရှိကာ သေဆုံးသူတွေရဲ့ သုံးပုံတစ်ပုံကျော် ၃၃ ရာခိုင်နှုန်းက ဖော်ပြပါဖြစ်စဉ် နှစ်ရပ်လုံးကြောင့် သေဆုံးရခြင်း ဖြစ်တယ်လို့ ဆိုပါတယ်။

 

ခြုံငုံသုံးသပ်ရရင်တော့

- အသက်အရွယ်ကြီးသူများ

- နဂိုရောဂါအခံရှိသူများ

(အထူးသဖြင့် နှလုံးရောဂါအခံရှိသူများ)သည် ကိုဗစ်- ၁၉ ရောဂါကြောင့် သေဆုံးနိုင်ခြေများကြောင်း တွေ့ရှိရတဲ့အတွက် ထိုသူများက ပိုပြီးအသွားအလာ ဆင်ခြင်ခြင်းနှင့် ထုတ်ပြန်ထားသော လိုက်နာရန်အချက်များကို တိတိကျကျ လိုက်နာဆောင်ရွက်သင့်လှပါတယ်။

 

နိဂုံးချုပ်

- ကိုဗစ်-၁၉ ရောဂါကြောင့် ခန့်မှန်းသေဆုံးနှုန်း (Estimated Case Fatality Rate) သည် ၅ ဒသမ ၃ ရာခိုင်နှုန်းမှ ၈ ဒသမ ၄ ရာခိုင်နှုန်းဖြစ်၍ အရင် ကိုရိုနာဗိုင်းရပ်စ်ရောဂါ ပိုးတွေနဲ့ယှဉ်ရင် သေဆုံးနှုန်းလည်းမများပါဘူး။ သို့သော် ကူးစက်ဖြစ်ပွားသူ အရေအတွက်သည် ပိုများသည့်အတွက် သေဆုံးသူလည်း များနေတာဖြစ်ပါတယ်။ ၅- ၈ ရာခိုင်နှုန်း ဆိုတာလည်း သေဆုံးနှုန်း နည်းတယ်လို့တော့ မဆိုသာပါဘူး။

- ခန့်မှန်းရောဂါပိုးကူးစက်မှုညွှန်းကိန်း RO သည် 1.6-4.2 ဖြစ်သောကြောင့် အရင်ကိုရိုနာဗိုင်းရပ်စ် ရောဂါပိုး တွေနဲ့ယှဉ်ရင် သိပ်ကွာခြားမှုမရှိပါဘူး။

- ဒါကြောင့် အသိ၊ သတိဖြင့် ကောလာဟလ သတင်းတွေကိုမယုံဘဲ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက ထုတ်ပြန်ထားတဲ့ လိုက်နာစရာတွေကို လိုက်နာပါ။

- လက်ကို မကြာခဏဆေးပါ။

- တတ်နိုင်သမျှ လူစုလူဝေးကို ရှောင်ပါ။

“ဆရာဝန်များ၊ ကျန်းမာရေးဝန်ထမ်းများက သင့်ကျန်းမာရေးအတွက် ဆေးရုံမှာရှိနေမှာဖြစ်ပြီး သင်တို့က သင့်ကျန်းမာရေးအတွက် မိမိအိမ်မှာနေခြင်းဖြင့် ကူညီပါ” မြန်မာနိုင်ငံကြီး ကျန်းမာပါစေ။    ။