လှိုင်မြို့နယ်တွင် ပုံမှန်ဝင်ငွေမရှိသော အခြေခံလူတန်းစား အိမ်ထောင်စုများအား တတိယအကြိမ် ထောက်ပံငွေပေးအပ်

ရန်ကုန် ၁၃ သြဂုတ် 

 

ကိုဗစ်-၁၉ ဖြစ်ပွားနေစဉ် ကာလအတွင်း ရန်ကုန်တိုင်းဒေသကြီး ရန်ကုန်အနောက်ပိုင်းခရိုင် လှိုင်မြို့နယ်တွင် ပုံမှန်ဝင်ငွေမရှိသော အခြေခံလူတန်းစား အိမ်ထောင်စုများအား ထောက်ပံ့ပေးလျက်ရှိရာ နိုင်ငံတော်အစိုးရမှ ထောက်ပံ့ပေးသည့် ထောက်ပံ့ငွေများအားပြည်သူများ လက်ဝယ်ရောက်ပေးအပ်နိုင်ရေးအတွက် ထောက်ပံ့ငွေများကို မြို့နယ်အတွင်းရှိ ရပ်ကွက်အုပ်ချုပ်ရေးမှူးများ၊ ရပ်ကွက်စာရေးများက သက်ဆိုင်ရာ ရပ်ကွက်အသီးသီး၌ အိမ်တိုင်ရာရောက် လိုက်လံပေးအပ်ခဲ့ကြောင်း သိရသည်။

 

ယခုကဲ့သို့ နိုင်ငံတော်အစိုးရက ထောက်ပံငွေများပေးအပ်ခဲ့ရာတွင် ယခုအခါ တတိယအကြိမ်မြောက် ဖြစ်ကြောင်း အိမ်ထောင်စုတစ်စုလျှင် ထောက်ပံ့ငွေ ကျပ် ၂၀၀၀၀ နှုန်းဖြင့် လှိုင်မြို့နယ်အတွင်း ရပ်ကွက်(၁၆) ရပ်ကွက်ရှိ အိမ်ထောင်စု ၅၉၉၀ စုအတွက် ထောက်ပံ့ကြေးငွေကျပ် သိန်း ၁၁၉၀ တိတိအား ဩဂုတ် ၁၂ ရက်ကစ၍ စတင်ပေးအပ်ခဲ့ခြင်းဖြစ်ကြောင်း မြို့နယ်အထွေထွေအုပ်ချုပ်ရေးဉီးစီးဌာနမှ သိရသည်။

 

ကြည်ဇေသော် (ပြန်/ဆက်)