လိုင်လင်းပီမြို့၌ (၅)နှစ်အောက်ကလေးများအား ပထမ ရက်သတ္တပတ် ဗီတာမင်(A)နှင့် သံချဆေးတိုက်ကျွေးပေး

လိုင်လင်းပီ  ၁၇ ဖေဖော်ဝါရီ                 

ချင်းပြည်နယ်၊ မင်းတပ်ခရိုင်၊ လိုင်လင်းပီမြို့၊ အမှတ်(၂)ရပ်ကွက်အတွင်းရှိ (၅)နှစ်အောက်ကလေးများအား အာဟာရ ဗီတာမင်(A)နှင့် သံချဆေးတိုက်ကျွေးခြင်းကို တိုက်နယ်ဆေးရုံ၊ ကျေးလက်ကျန်းမာရေးဌာနခွဲ၌ ယနေ့နံနက်(၁၀)နာရီအချိန်တွင် တိုက်ကျွေးပေးကြသည်။

ယနေ့တိုက်ကျွေးခြင်းအစီအစဉ်၌ (၂)နှစ် နှင့်အထက် ကလေးငယ်များကို သံချဆေးများတိုက်ကျွေးပေးပြီး၊ (၆)လမှ (၅)နှစ်အရွယ်အထိ ကလေးငယ်များအား ပေါင်ချိန်ခြင်း၊ အာဟာရပြည့်/မပြည့် တိုင်းတာခြင်း၊ ဗီတာမင်(A) တိုက်ကျွေးခြင်းများ ဆောင်ရွက်ပေးကြကြောင်းနှင့် ကျန်ရှိနေသေးသည့် အမှတ်(၁)ရပ်ကွက်ရှိကလေးငယ်များကို ဖေဖော်ဝါရီ ၁၈ ရက်နေ့တွင် ထပ်မံတိုက်ကျွေးပေးကြမည်ဖြစ်ကြောင်း သိရသည်။

ယခုတိုက်ကျွေးပေးမှုမှာ ၂၀၂၀ ပြည့်နှစ်အတွင်း ပထမရက်သတ္တပတ် တိုက်ကျွေးခြင်းဖြစ်ပြီး ဒုတိယရက်သတ္တပတ်ကို ဩဂုတ်လအတွင်း တိုက်ကျွေးမည်ဖြစ်ကြောင်းနှင့် ယနေ့ဆေးတိုက်ကျွေးခြင်း လုပ်ငန်းတွင် ကလေးငယ်အယောက်(၈၀)ကျော်ကို တိုက်ကျွေးခဲ့ကြကြောင်း သိရှိရသည်။

ယာကမ် (ပြန်/ဆက်)