လိုင်လင်းပီမြို့ လေယာဉ်ကွင်း တည်ဆောက်ရေးလုပ်ငန်း (၂၂) ရာခိုင်နှုန်းနှင့် တောင်ဖြိုလုပ်ငန်း (၃၅) ရာခိုင်နှုန်းပြီးစီး

လိုင်လင်းပီ  ၁၂  နိုဝင်ဘာ         

ချင်းပြည်နယ် မင်းတပ်ခရိုင် မတူပီမြို့နယ် လိုင်လင်းပီမြို့၌ တည်ဆောက်လျက်ရှိသည့် လေယာဉ်ကွင်းငယ် တည်ဆောက်ခြင်းလုပ်ငန်း (၂၂) ရာခိုင်နှုန်းနှင့် တောင်ဖြိုလုပ်ငန်း (၃၅) ရာခိုင်နှုန်း ပြီးစီးပြီ ဖြစ်ကြောင်း သိရသည်။

အဆိုပါလေယာဉ်ကွင်းငယ် တည်ဆောက်မှုမှာ MAF အထောက်အပံ့နှင့် Health & Hope Myanmar ဖောင်ဒေးရှင်း၏ ‌အနီးကပ်ကြီးကြပ်မှုဖြင့် New Asia Star khat ကုမ္ပဏီမှ တာဝန်ယူဆောင်ရွက်နေ ခြင်းဖြစ်ပြီး လုပ်ငန်းအားလုံးအပေါ် အကောင်အထည်ဖော်နိုင်မှုမှာ ၂၂  ရာခိုင်နှုန်း ပြီးစီးနေပြီဖြစ် ကြောင်း သိရသည်။

အမေရိကန်ဒေါ်လာ (၂.၂) သန်းဖြင့် တည်ဆောက်လျက်ရှိပြီး ၂၀၂၀ ခုနှစ်၊ မေလကုန်တွင် လုပ်ငန်း အပြီးသတ်နိုင်ရေးအတွက် ကြိုးစားဆောင်ရွက်နေကြကြောင်းနှင့် လေယာဉ်ကွင်းပြီးစီးပါက လူ (၁၈) ဦးဆံ့ ဘက်စုံသုံးလေယာဉ် ဆင်းသက်နိုင်မည်ဖြစ်ကြောင်းသိရသည်။

ကိုလိန်း(ပြန်/ဆက်)

 

mdn

 

mdn