ကထိန်အာနိသင်မရရှိသေးသော ဘုန်းတော်ကြီးကျောင်း (၆)ကျောင်းအား စုပေါင်းကထိန် သင်္ကန်းနှင့် လှူဖွယ်ဝတ္ထုပစ္စည်းများ ဆက်ကပ်လှူဒါန်း

ရန်ကုန်  ၁၂      နိုဝင်ဘာ       

 

တောင်ဥက္ကလာပ မြို့နယ်အတွင်း ကထိန်အာနိသင်မရရှိသော ဘုန်းတော်ကြီးကျောင်းများ မကျန်ရှိစေရန် အတွက် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန မြို့နယ်အုပ်ချုပ်ရေးမှူး၏ စီမံမှုဖြင့် ကထိန်အာနိသင်မရရှိသေးသော ဘုန်းတော်ကြီးကျောင်း (၆)ကျောင်းအား စုပေါင်း ကထိန်သင်္ကန်းနှင့် လှူဖွယ်ဝတ္ထုပစ္စည်းများအား ဆက်ကပ်လှူဒါန်းခြင်း အခမ်းအနားကို တန်ဆောင်မုန်း လပြည့်နေ့ ညနေ ၃ နာရီတွင် ပါရမီလမ်းရှိ သာသနာ့နယ်မြေ အမှတ်(၁)ဝိုင်း ဇေယျသုခ ဇေတဝန်ဓမ္မရိပ်သာ၌ ကျင်းပခဲ့သည်။

 

အခမ်းအနားတွင် ရွှေမြင့်မိုရ်ဆရာတော် အရှင်သောဘဏ ကြွရောက်တော်မူ၍ အနုမောဒနာ တရား ဟောကြားတော်မူခဲ့သည်။အဆိုပါ ဘုန်းတော်ကြီးကျောင်း (၆)ကျောင်းအား တောင်ဥက္ကလာပ စက်မှုဇုန်မိသားစု၊ မြို့နယ်စည်ပင်သာယာရေးကော်မတီနှင့် ဝန်ထမ်းများ၊ Amazing Entertainment ၊ လင်းလက်ပရဟိတအသင်းနှင့် မြို့မိမြို့ဖအလှူရှင်များစုပေါင်း၍ မိုးကျကထိန်အဖြစ် လှူဖွယ်ဝတ္ထုအစုစု ကျပ်သိန်း(၁၄၀)ကျော် လှူဒါန်းခဲ့ကြောင်း သိရသည်။

 

နေထက်အောင်