ကသာမြို့နယ်၊ မက်လင်ချောင်ကျေးရွာ လယ်ယာမြေ ဧက(၅၀၀) အကျိုးပြုမည့် ကုန်ထုတ်လမ်းဖောက်လုပ်

ကသာ  ၁၇  ဖေဖော်ဝါရီ

 

စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာခရိုင်၊ ကသာမြို့နယ်၊ မက်လင်‌ချောင်ကျေးရွာတွင် လယ်ယာမြေ ဧက(၅၀၀)အကျိုးပြုမည့် ကုန်ထုတ်လမ်းဖောက်လုပ်နေကြောင်း ခရိုင်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ သိရသည်။

 

ယင်းကုန်ထုတ်လမ်း အရှည်(၂)မိုင် (၂)ဖာလုံအား ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ် ငွေလုံးငွေရင်းခွင့်ပြု ရန်ပုံငွေကျပ်(၇၇ ဒသမ ၉)သန်းဖြင့် ဟန်သစ်ထွန်း ကုမ္ပဏီက တာဝန်ယူဆောင်ရွက်လျက်ရှိပြီး ခရိုင်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၊ ဦးစီးမှူး ဦးအောင်မြင့်သန်းနှင့် တာဝန်ရှိသူတို့က ကြီးကြပ်ဆောင်ရွက်လျှက်ရှိကြောင်း သိရသည်။

 

မျိုးဝင်းညို (ကျွန်းလှ)